ကျန်းမာရေးအတွက်

Friday, July 7, 2017

ပျားရည်​ အတု အစစ်​ ခွဲနည်း



ပျားရည်​ အတု အစစ်​ ခွဲနည်း












( 1 )ပျားရည်​ကို လက်​ဖြင့်​ ကိုင်​ဆုပ်​ပြီး​နောက်​ လက်​​ဆေးပါ၊ သကြားရည်​ ​ရောထားလျှင်​ လက်​မှာ မ​ပြောင်​ဘဲ ​စေးကပ်​ ကပ်​ ဖြစ်​ကျန်​ရစ်​မည်​။

( 2 ) ပျားရည်​တစ်​ဇွန်းနှင့်​ နှမ်းဆီတစ်​ဇွန်းနှစ်​ဇွန်း​ပေါင်း၍ ​ရောသမ ​မွှေလိုက်​ပါက တစ်​ဇွန်းစာသာ ကျန်​ရပါမည်​၊
တစ်​ဇွန်းထက်​ ပိုလာပါက ထိုပိုလာမျှ အတုများသာဖြစ်​သည်​။

( 3 )ပျားရည်​ကို ​ရေ​အေးခွပ်​ထဲသို့ ချကြည့်​ပါ၊ စုခဲထိုင်​​နေပါက ပျားရည်​စစ်​၏၊ အရည်​ကျဲသွားခြင်း ​ရေထဲမှာ
ပျော်​ဝင်​သွားပါက ပျားရည်​မစစ်​​ချေ။

( 4 ) စက္ကူပွပွ​ပေါ်မှာ ပျားရည်​စက်​ ချကြည့်​ပါ ပြန့်​သွားခြင်း အရည်​​အောက်​သို့ စိမ့်​ဝင်​သွားမူ ပျားရည်​အစစ်​မဟုတ်​​ပေ။

( 5 ) လက်​ဖက်​ရည်​ကျကျ ကျိုထား​သော ပန်းကန်​ထဲသို့ ပျားရည်​စက်​ ချကြည့်​လိုက်​ပါ ပြာသွားခြင်း အပြာနု​ရောင်​သမ်းလာလျှင်​ ပြားရည်​မစစ်​ပါ။

( 6 ) မီးခြစ်​ဆံကို ပျားရည်​တို့၍ မီးခြစ်​ကြည့်​ပါ၊ သို့မဟုတ်​ တုတ်​​ချောင်းထိပ်​၌ ပျားရည်​တို့ပြီး မီးရှို့ကြည့်​ပါ၊ မီး​တောက်​လျှင်​ ပျားရည်​စစ်​သည်​၊ လုံးဝမီးမ​တောက်​ပါက ပျားရည်​ မစစ်​​ချေ။

( 7 ) ပျားရည်​ထဲသို့ လက်​ထည့်​၍ ခပ်​နာနာ​မွှေကြည့်​ပါ၊ ထုံး​ရောင်​ကဲ့ အဖြူ​ရောင်​ အမှုန့်​များရလျှင်​ ပျားရည်​စစ်​သည်​၊ အခြား​အ​ရောင်​များ ​ပြောင်းလာပါက ပျားရည်​မစစ်​ပါ။

( 8 ) ပျားရည်​ထည့်​ထား​သော ပုလင်းကို လက်​ဖြင့်​ တီးကြည့်​ပါ၊ အသံမှာ တင်းခြင်း လုံးခြင်း ထက်​ခြင်း
ကျစ်​လျစ်​ စသည်​တို့ထွတ်​မှ ပျားရည်​စစ်​သည်​၊ တဘုတ်​ဘုတ်​နှင့်​မြည်​​နေပါက ပျားရည်​မစစ်​​ချေ။

( 9 ) ပျားရည်​ကို ​ကြေးခွတ်​၌ထည့်​ပြီး ​နေလှမ်းကြည့်​ပါ အနည်​မထိုင်​လျှင်​ ပျားရည်​စစ်​ပြီး အနည်​ထိုင်​ပါက
ပျားရည်​မစစ်​​ချေ။

( 10 ) ပျားရည်​ ထည့်​ထား​သော ပုလင်း ကို ​နေ​ရောင်​၌ ​ထောင်​ကြည့်​ပါက ဝါ​ယောဓာတ်​​ကြေင့်​ အမြှုပ်​​က​လေးများ အ​ပေါ်သို့တက်​​နေပြီး ဖ​ယောင်းဖြစ်​​နေပါက ပျားရည်​အစစ်​ဟု မှတ်​ယူနိုင်​ပါသည်​။

( 11 ) အချို့က ပျားရည် ​ကို ​ခွေး​ကျွေးကြည့်​သည်​၊ ပျားရည်​စစ်​ပါက ​ခွေးမစား​ပေ။
**မှတ်​ချက်​**ခွေးအငတ်​နဲ့တိုးလို့က​တော့ စစ်​စစ်​ မစစ်​စစ်​ ဒင်းက​တော့ စွဲမှာပဲ။

( 12 ) အချို့က ဝါဂွမ်း ကို ပျားရည်​တို့ပြီး မီးရှို့ကြည့်​ရာ မီး​လောင်​မှ ပျားရည်​အစစ်​ဟု လက်​ခံသည်​။

( 13 ) အချို့က​တော့ ပျားရည် ​ထဲသို့ ပျား​ကောင်​ကျ​သော်​လည်း မ​သေဘဲ ပျံတက်​နိုင်​မှ ပျားရည်​ အစစ်​ ဖြစ်​သည်​ဟုမှတ်​ယူကြသည်​။

ထိုမျှ​လောက်​ဆိုလျှင်​ ကျွနု​ပ်​ ၏ friများ အတု​ယောင်​​ပေါများလှ​သော ဤ​ခေတ်​ကြီးထဲတွင်​ ပျားရည် ​အတု အစစ်​ ကို တစ်​နည်းနည်းဖြင့်​ ခွဲခြားသိနိုင်​​လောက်​ပြီဟု​မျှော်​လင့်​ပါသည်​။

Credited to: Original Uploder

အဆိပ်ရှိတဲ့ ပိုးကောင်းများအကိုက်ခံရလျှင်


အဆိပ်ရှိတဲ့ ပိုးကောင်းများအကိုက်ခံရလျှင်


မနေ့က အိမ်မှာ ကလေးက ဆော့နေရင်း ပျားတစ်ကောင်ကို တက်နင်းလိုက်လို့ ခြေဖ၀ါးနုနုလေးကို ပျားတုပ်သွားပါတယ်။

အထိတ်တလန့် အော်ငိုသံကြောင့် အဖေရော အမေပါ ပြေးသွားကြည့်တော့ ပျားတစ်ကောင်က သူ့ခြေထောက်နားမှာ ချာချာလည်နေတာကို တွေ့လိုက်တော့ ပျားတုပ်သွားတယ်ဆိုတာ သိလိုက်ရတာကြောင့် မီးဖိုချောင်ထဲက ကြက်သွန်ဖြူယူ၊ ငရုတ်ကျည်ပွေ့နဲ့ ထုထောင်းပြီး ကြက်သွန်ဖြူအစေးနဲ့ ပွတ်လိမ်းပေးလိုက်တော့ ၃ မိနစ်တောင်မကြာပဲ အငိုတိတ်သွားပါတယ်။

 




 

 



၅ မိနစ်လောက်မှာပဲ ကိုက်ထားတဲ့နေရာကနေ ပျားအစွယ်က အပြင်ကို စူထွက်လာပါတယ်။ 


ဇာဂနာနဲ့ ဆွဲထုတ်လိုက်ပြီး ကြက်သွန်ဖြူကို ဓါးနဲ့ပိုင်းဖြတ်၊ အစေးနဲ့ တို့ပေးထားလိုက်တော့ ယောင်တာ၊ ကိုင်းတာမရှိပဲ နာလည်း မနာတော့တဲ့အတွက် ကလေးက ၁၀ မိနစ်လောက်မှာပဲ ပုံမှန်အတိုင်း ပြန်ဆော့နိုင်သွားပါတယ်။





ကြက်သွန်ဖြူရဲ့ ဆေးဖက်ဝင်ပုံများကို ထပ်လေ့လာကြည့်လိုက်ရင်လည်း ပုရွက်ဆိတ်၊ ပျား စတဲ့ ပိုးကောင်များရဲ့ အသေးအမွားအဆိပ်တွေကို ပြေစေနိုင်ကြောင်း တွေ့ရပါတယ်။ သံလွင်ဆီကလည်း ပိုးကောင်အဆိပ်များကို ပြေပျောက်စေကြောင်း ထပ်တွေ့ရပါတယ်။


 

ဒါ့ကြောင့် အဆိပ်ရှိတဲ့ ပိုးကောင်းများအကိုက်ခံရရင် လက်တစ်ကမ်းမှာ ရှိနေတဲ့ အရေးပေါ် ဆေးနည်းတိုများနဲ့ ကုသနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

Fully credited to စောနွဲ့ နေဆိုင် - ပူတာအို
Myawady Health

အသည်းကို သဘာဝနည်းဖြင့် သန့်စင်ပေးတဲ့နည်း



အသည်းကို သဘာဝနည်းဖြင့် သန့်စင်ပေးတဲ့နည်း

လူ့ခန္ဓာကိုယ်ထဲမှာ အသည်းဟာ အလုပ်အများဆုံး လုပ်ပေးရတဲ့ ကလီစာတစ်မျိုး ဖြစ်နေပါတယ်။ ကျနော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ထဲက အဆိပ်အတောက်များကို အသည်းက အမြဲတမ်း စစ်ထုတ်ပေးနေပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာဖို့ သိပ်အရေးကြီးပါတယ်။
အသည်းအတွက် အကောင်းဆုံး သဘာဝအစားအစာကတော့ မန်ကျည်းသီးပဲ ဖြစ်ပါတယ်။ 


 ပြုလုပ်နည်း
 

(၁) မန်ကျည်းသီးမှည့် လက်တစ်ဆုပ်ခန့်ကို ထန်းလျက်ခဲ ၃လုံး၊ ဆားအနည်းငယ်နဲ့ အ၀ကျယ်ဖန်ပုလင်းထဲ ထည့်ပါ။
 
(၂) ရေနွေးပူပူ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။

 
(၃) နေ့လည်လောက်မှာ လုပ်ထားပြီး ညနေလောက်မှာ ရေစစ်နဲ့ အရည်များကို ညစ်ယူပါ။

 
(၄) အိပ်ယာမ၀င်ခင်မှာ ၄င်းမန်ကျည်းဖျော်ရည်ကို သံပုရာစိတ်လေး ညစ်ထည့်ပြီး သောက်ပါ။
 

မနက်အိပ်ယာထရင် ၀မ်းသွားပါလိမ့်မယ်။ ၀မ်းမပျက်ပါ။ ပုံမှန်အတိုင်းပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက် သောက်ပေးပါ။
 
ဝမ်းဗိုက်ထဲက အဆိပ်အတောက်၊ အပူအပုပ်များ ကင်းစင်သွားပြီး အသည်းကောင်းသွားပြီဆိုရင် B ပိုး၊ C ပိုး စတာတွေလည်း မဖြစ်တော့ပါဘူး။ အသားအရေလည်း စိုပြေလှပလာစေပါတယ်။

Fully credited to စောနွဲ့ နေဆိုင် (ပူတာအို)
Myawady Health

Wednesday, July 5, 2017

သဘာဝဆေးစွမ်းကြွယ်ဝတဲ့ ဥသျှစ်သီး



သဘာဝဆေးစွမ်းကြွယ်ဝတဲ့ ဥသျှစ်သီး

ဥသျှစ်သီးကို ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် အသုံးပြုလာခဲ့ကြတာပါ။ ဥသျှစ်သီးအနံ့ကမွှေးပြီး မှည့်ရင် ဆေးဖက်ပိုဝင်ပါတယ်နော်။
ပါဝင်တဲ့အဟာရ
ဥသျှစ်သီးမှာ ဗီတာမင်ဓါတ်တွေ ၊ သတ္တုဓါတ်တွေ နဲ့ အော်ဂဲလ်နစ်ကွန်ပေါင်းဓါတ်တွေပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖော်ရပ်စ် အမျှင်ဓါတ် ပရိုတင်းဓါတ်နဲ့ သံဓါတ်ပါဝင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေ
အစာချေစနစ်ကို ကောင်းမွန်စေပြီး ၀မ်းချုပ်တာကိုသက်သာစေတယ်။ အစာမကြေတာကို သက်သာစေတယ်။
အူလမ်းကြောင်းကို သန့်စင်ပေးနိုင်ပြီး အူမကြီး ပြဿနာတွေကို သက်သာစေပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပါတယ်။ ဥသျှစ်သီးရွက်နေ ရလာတဲ့အဆီကို ရှုပေးရင် အအေးမိတာ အသက်ရှုလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ ဥသျှစ်သီးရွက်က လည်ချောင်းနာတာ ချောင်းဆိုးတာကိုလည်း သက်သာစေပါတယ်။
ဝမ်းချုပ်တာကို သက်သာစေပေမယ့် ၀မ်းလည်းမလျှောစေပါဘူး။ ၀မ်းကို ပျော့ပျော့သွားစေပြီး ၀မ်းကိုက်သက်သာစေပါတယ်။
ဥသျှစ်သီးက သွေးကိုသန့်စင်ပေးနိုင်ပြီး အသည်း၊ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဥသျှစ်သီးကို 

ရေနွေးနဲ့ ဖျော်သောက်ရင် သွေးကိုသန့်စဉ်ပေးနိုင်ပြီး အဆိပ်အတောက်ဖယ်ရှားပေးပါတယ်။
ဗီတာမင် C ချို့တဲ့လို့ဖြစ်တဲ့ သွေးရောဂါတစ်မျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနစ်ကိုမြင့်တင်ပေးနိုင်ပြီး ဥသျှစ်သီးကို စားပေးမယ်ဆိုရင် မမြင်နိုင်တဲ့ ရောဂါပိုးမွှားဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။
ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။ ဥသျှစ်သီးကို ပုံမှန်စားပေးမယ်ဆိုရင် ကျောက်ကပ်ကို ကောင်းမွန်စေပါတယ်။ Beta Carotene ပါဝင်လို့ အသည်းကိုကျန်းမာစေပါတယ်။

မှတ်ချက်
ဥသျှစ်သီးကို အလွန်အကျွံစားရင်တော့ ၀မ်းဗိုက်လေပွတာမျိုးဖြစ်စေပါတယ်။ အသီးရဲ့ အနံ့ကို သေချာနမ်းပါ။ အသီးအရောင်ကို သေချာကြည့်ပြီးဝယ်ပါ။ ကိုယ်နဲ့ တည့်မတည့်သိချင်ရင် နည်းနည်းလေးပဲ အရင်စားပေးကြည်ပါ။

Fully credited to My Food