ကျန်းမာရေးအတွက်

Saturday, November 25, 2017

ဂျိုင်းအောက်မှာပေါက်တဲ့အနာ (ကိန္ဒ္ဒာနာ) ပျောက်တဲ့ မြန်မာ့ သဘာဝဆေးနည်း ၉ နည်း



ဆေးနည်း ၁
ကိန္ဒ္ဒာနာလို့ခေါ်ပါတယ်၊ နှစ်ဖက်လုံးပေါက်ပီး မှပောက်မှာ ဒေဝယက္ခ လိမ်းပါ
(တင်ပြသူ - Bo Kyaw)

ဆေးနည်း ၂
တပင်တိုင်မြနန်းဥကိုသွေးလိမ်းပေးပါ ဝမ်းထဲကိုလဲစားပေးပါတစ်နေ့နစ်ခါလောက်ဂရုစိုက်ပေးလိုက်ပါ
(တင်ပြသူ- ဖြူ ဝင်း)

ဆေးနည်း ၃
မရိုးရွက်လို့လဲခေါ်ပါသည်။။ငဖြူကြီးပင်လဲခေါ်ပါသည်။အဲဒီအရွက်ကိုမီးနွေးနွေးကင်ပြီးအရေထွက်အောင်    လိမ်းပြီးကပ်ပေးပါ။ ညကပ်ထားရင်မနက်။ပြည်လဲပေါက်။အရောင်လည်းကြသွားမည်။စိတ်ချကောင်းပါသည်
(တင်ပြသူ- Htet Myat)

ဆေးနည်း ၎
နေနက်သားသောက်အနာဘေးကိုလူးပေးပါနေနက်သားကိုမလူးချင်ဘူးဆိုရင် နလိမ်ကျော်မြစကို အနာပေါ်တင်လူးပေးလိုက်ပါ
(တင်ပြသူ- ချစ်ဧည့်သည် ပန်းချစ်သူ)

ဆေးနည်း ၅
အနာကပူနေသလားပူနေရင်ဆူးလက်ပံအခေါက်သွေး၍အုံထားပါ မကြာခင်ပျောက်လိမ့်မယ်။
(တင်ပြသူ- Aung Chin)

ဆေးနည်း ၆
မရိုးပင်​က အ​ခေါက်​လိမ်း​ပေးပါ​ သူဖာသူ​ပေါက်​သွားမှာပါ
(တင်ပြသူ- Hnin Mg)

ဆေးနည်း ၇
ဇာတိဖ္တိုလ်​သီးကို​သွေး ပျားရည်​ ထုံးကြမ်း သုံးမျိုး​ရောပီးလိမ်း​ပေး
(တင်ပြသူ- Min Nanda)

ဆေးနည်း ၈
ထုံးနနွင်းရောလိမ်းပါ
(တင်ပြသူ- Maybarani Khaing)

ဆေးနည်း ၉
ဆေးခါးမှုန့်ကိုထပ်ကြိတ်င်္ပြီးအုန်းဆီနဲ့ရောပြီးအျုံပေးပါကွာမကျအောင်ပတ်တီးစနဲ့ပတ်ပေးပါတညအနည်းဆုံးပတ်ထားလ်ုက်ပါ
(တင်ပြသူ- Daw Mra Sandar)


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ Myanmar Traditional Natural Medicine အဖွဲ့ဝင်များ တင်ပြချက်များကို စုစည်းဖေါ်ပြပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည်


လူတိုင်းကျမ္မာ ပျော်ရွှင်ပါစေ၊ လေးစားစွာဖြင့် - နိုင်မြန်မာ (သြစတြေးလျှ)

Friday, November 24, 2017

နှာရည်ယို နှာစေးနှာခေါင်းပိတ် ပျောက်တဲ့ သဘာဝဆေးနည်း




ဆေးနည်း

၁။ ကင်​ပွန်းသီး​ခြောက်​ကို ပြစ်​ပြစ်​​လေး​သွေးပြီး နှာ​ခေါင်း​ပေါ်ကို လူးပါ

၂။ နှာ​ခေါင်းဝမှာ ပုံပါ

၃။ ၁ နာရီခွဲ​လောက်​ကြာတဲ့အခါမှာ လူးထားတာ​တွေ​ခြောက်​သွားမယ်​ခွာလိုက်​ပါ

(မှတ်ချက်၊ နှာဆက်​တိုက်​​ခြေပါလိမ့်​မယ်​ ပြီးရင်​နှာရည်​​တွေ​ပေါက်​​ပေါက်​ကျလာလိမ့်​မယ်​)

၎။ ၁ ရက်​ ၂ကြိမ်​လုပ်​ပါ၎ ရက်​လုပ်​ပြီးရင်​​ပေါ့သွားပါပြီ

ပျောက်​သွားတဲ့ထိဆိုရင်​ ချိန်​ဆပြီး ဆက်​လုပ်​ပါ၊

ကိုယ်​​တွေ့ မှတ်တမ်းတခု ဖြစ်ကြောင်းသိရှိရပါတယ်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည်။

လေးစားစွာဖြင့် - နိုင်မြန်မာ (Australia)

Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။


Tuesday, August 22, 2017

ဒူးနာ၊ ခါးနာ၊ ဒူးခေါင်းကျီးပေါင်း၊ လေငန်းလေးဘက်နာ ရောဂါများအတွက် သဘာဝဆေးနည်း ၈ နည်း



ဆေးနည်း ၁

၁။ ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ ၅ နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ ရက်ဆက်တိုက်စားပေးပါက လေဖြတ် လေငန်း လေးဘက်နာ ခါးနာ ဒူးနာ ပျောက်ကင်းစေနိုင်ပါတယ်။




ဆေးနည်း ၂
၁။ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားပါ၊ ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ပါတယ်။

ဆေးနည်း ၃
ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ဒူးနာရောဂါ ပျောက်ကင်းသွားနိုင်ပါတယ်။





ဆေးနည်း ၎
ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာ ပျောက်ကင်းသွားနိုင်ပါတယ်။

ဆေးနည်း ၅
ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။


ဆေးနည်း ၆
၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
၂။ ကြက်ဥကို ထည့်လိုက်ပါ။ (မှတ်ချက် - သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)
၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
၎။ ၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။


ဆေးနည်း ၇
သံပုရာသီးကို ထက်ခြမ်းပိုင်း၍ သံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။



ဆေးနည်း ၈
၁။ ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့် ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊
၂။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။
၃။ တနေ့ ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်
၎။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊
( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်း သွားပါလိမ့်မည်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည်
လူတိုင်းကျမ္မာ ပျော်ရွှင်ပါစေ၊ လေးစားစွာဖြင့် - နိုင်မြန်မာ


Reference ကိုးကား - တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်ကိုယ်တွေ့တစ်ဦး၊ Mg Naing၊ ဒို့မြန်မာဒေါ့ကွမ်းအစာလည်းဆေး ဆေးလည်းအစာစောနွဲ့ နေဆိုင်-ပူတာအိုမြန်မာ့ဆေးမြည်းတိုများ

Saturday, August 19, 2017

ဆီးရောဂါ၊ ဆီးကျောက်ရောဂါ သဘာဝဆေးနည်း



ဆေးနည်း

မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုး ကို သက်သာပျောက်ကင်းစေပါသည်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည်။
လူတိုင်းကျန်းမာ ပျော်ရွှင်ကြပါစေ -လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှတွေပါ။


အသေးစိတ် ဓါတ်ပုံများနှင့်တကွ အပြည့်အစုံ ရှင်းရှင်းလင်းလင်း ဖတ်လိုပါက အောက်ပါ Link ကိုသော်၎င်း ဓါတ်ပုံကိုသော်၎င်း နှိပ်၍ ဖတ်ရှု့နိုင်ပါတယ်။

Friday, August 18, 2017

ဆီးအောင့် ဆီးရောဂါပျောက်စေတဲ့ သဘာဝဆေးနည်း ၁၄ နည်း



ဆေးနည်း ၁
မြင်းခွါရွက်ကို အရည်လုပ်ပြီး သကြားအနည်းငယ်ထည့်၍ သောက်ပါ။ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၂
ထမင်းအိုတည်းတဲ့အခါ ထမင်းရည်ငှဲ့ပြီ အဝသောက်ပါ၊ အုန်းစိမ်းရေကို အဝသောက်ပါ။ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၃
လက်​ဖက်​​ခြောက်​ကို ​ရေစိမ်​ပြီး ခနခန​သောက်​ပါဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။





ဆေးနည်း ၎
ပေါက်ပန်းပွင့်ကို ရေနွေးနဲ့စိမ်သောက် လက်တွေ့ ပျောက်ပါတယ်


ဆေးနည်း ၅
ထိကရုန်းပင် ၃ခွက်တစ်ခွက်တင် ကြို့သောက်ပါ။ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။













ဆေးနည်း
ဆန်ဆေးရေ သောက်ပါဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၇
ဆေး ကုလားမ နဲနဲ ရေစိမ်ပါ၊ ပွလာရင် သကြားနဲနဲ ထည့်ပြီး သောက်ပါ။ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၈
ဆန်ဆေးရေ ထဲ့ လဘက်ချောက်စိမ်ပြီး ကြားခပ်သောက်ပေးပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၉
လက်​ဖက်​​ခြောက်​နည်းနည်း သကြားများများ​ထည့်​ပီး​ ရေစိမ်​ထား ၅မိနစ်​​လောက်​​နေရင်​​သောက်​ပါ။
ီးနည်း ဆီးကျင် ​​ပျောက်နိုင်ပါ​တယ်​ဖန်​ခွက်​ကြီးကြီး ၂ခွက်​​လောက်​​သောက်​တာနဲ့​ ကောင်း သွားနိုင်ပါတယ်

ဆေးနည်း ၁၀
ကျောက်ဖရုံသီးချက်စားပါဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၁၁
မနက်အိပ်ယာထတာနဲ့ရေကိုများများသောက်ပါဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။


ဆေးနည်း ၁၂
ရှားစောင်းလက်ပတ်အနှစ်ကို သကြားနဲ့ခေါက်သောက်ပါ။ ကျောက်တည်သည့်သူတောင်မှသုံးခါ
သောက်တာနဲ့ပျောက်သွားတာတွေ့ဖူး ကြောင်းသိရှိရပါသည်။


ဆေးနည်း ၁
ကြက်သွန်တလုံးပါးပါးလှီး သကြားတဇွန်းထည့်မတ်ခွက်ထဲရေနွေးနဲ့ ၂ နာရီ စိမ်သောက်ပါဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။







ဆေးနည်း ၁
ပေါက်ပွင့်ကို ထန်းလျှက်နဲ့ကြိုသောက်ပါ။ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။








မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် - လေးစားစွာဖြင့် - နိုင်မြန်မာ

Reference: မြန်မာရိုးရာ သဘာဝ ဆေးနည်းများ အဖွဲ့ဝင်များComments များကို စုစည်းတင်ပြပါသည်။ Comments of Members of Myanmar Traditional Natural Medicine



Tuesday, August 15, 2017

လေးဖက်နာ၊ ဂေါက်ရောဂါအဆစ်မြစ်နာပျောက်တဲ့ သဘာဝဆေးနည်း



ဆေးနည်း

၁။ နနွင်းစစ်စစ်









၂။ ပျားရည်








၃။ ဆားနဲနဲထည်











နနွင်း နဲ့ ပျားရည် ကို အလုံးလုံးနိုင်သည့် အနေအထားထိရောပါ။ 

ပြီးရင် သေးသေးလုံး လုံးပြီး နေပူလှမ်းပါ

ညအိပ်ယာဝင်တိုင်း လေးငါးလုံး ပုံမှန်စားပါ

တနတိတိစားပါစားရင်းနဲ့ ရောဂါသက်သာလာတာ တွေရပါမည်။ နောက်ဆုံး သွေးစစ်ကြည့်တဲ့အခါ ရောဂါလုံးဝ ပျောက်ကင်းသွားကြောင်း သိရပါလိမ့်မည်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည်
လူတိုင်း ကျမ္မာပျော်ရွင်ပါစေ - လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။


သွေးထွက်နေတဲ့လိပ်ခေါင်းပျောက်တဲ့ သဘာဝဆေးနည်း



ဆေးနည်း

၁။ ရှားစောင်းအနှစ်ကို ထုတ်ယူပါ။





၂။ မြန်မာကြက်ဥတလုံး 













၃။ နှမ်းဆီ ကြက်ဥတလုံးစာ









၃မျိုး ဆတူ ကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်း ပျောက်ကင်းနိုင်ပသည်။
တကယ်ပျာက်တဲ့လက်တွေ့နည်းဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် - လူတိုင်း ကျမ္မာပျော်ရွင်ပါစေ 
လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။

Sunday, August 13, 2017

သွေးတိုးရောဂါအတွက် သဘာဝဆေးနည်း



ဆေးနည်း

၁။ ရှားစောင်းလက်ပတ်ကို အထဲက အသားကိုခြစ်ယူပါ။




၂။ ခြစ်ယူထားသော အသားကို သကြား နည်းငယ်ထည့်ပါ။








၃။ သံပုရာသီး တခြမ်း ညှစ်ထည့်လိုက်ပြီး မွှေလိုက်ပါ။









၎။ ရေခဲ အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါသည်။ ရေခဲမရှိက ဒီအတိုင်း သောက်သုံးနိုင်ပါသည်။

၅ မိနစ်အတွင်း သွေးတိုးကျပြီး သွေးပုံမှန်ဖြစ်သွားပါလိမ်မည်။ လက်တွေ့ ဆေးနည်းလေးဖြစ်ကြောင်းသိရပါသည်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် လူတိုင်းကျမ်းမာ ပျော်ရွှင်ပါစေ- လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။

လိပ်ခေါင်းရောဂါအတွက် သဘာဝဆေးနည်း



ဆေးနည်း

ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး ဝါးစားလိုက်ပါ။ တကြိမ်ပဲစားရုံနှင့် သိသာလာပါလိမ့်မည်

၂ ခါဘဲစားရင် လုံးဝပျောက်ကင်းသွားနိုင်ပါသည်

လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းလို ညွှန်းဆိုထားပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် - လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။

Saturday, August 12, 2017

အမျိုးသမီးများအတွက် သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်မှုအတွက် သဘာဝဆေးနည်း



ဆေးနည်း

၁။ ရှားစောင်းလက်ပတ် ၂၅ ကျပ်သား





၂။ မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား







၃။ မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသား








၎။ ကြက်သွန်နီ ၅ ကျပ်သား







၅။ ဆား ၁ ကျပ်သား







၆။ ရှေးဦးစွာထန်းလျှက်ကို ဒန်အိုးနှင့်အရင် ကျိုပြီး ထန်းလျှက် ရည်ကိုစစ်ထားပါ။

၇။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ။

မှတ်ချက် - ဆေကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ်။

၈။ ကျိုပြီး ထန်းလျှက် ရည်ကိုစစ်ထားတာကို မြေအိုးထဲကို ထန်းလျှက်ရည်ထည့်ပြီးကျိုပါ။

၉။ ကြွက်မြီးတန်လိုပျစ်လာလျှငိုနုတ်နုတ်စဉ်းထားတဲ့ကျန်တာတွေထည့်ပြီးမီးမျှင်းမျှင်းဖြင့်ကျိုပါ။ မွှေပေးပါပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှချထားလိုက်ပါ။

၁၀။ အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ်ညတစ်ကြိမ် ကွမ်းသီးလုံးခန့်စားပါ။ 

အမျိုးသမီးများအတွက်သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်ပြီးသွက်ချာပါဒ ရောဂါများ ပျောက်ကင်းစေပြီး အသားအရည်ဝင်းပစေနိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် - လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။

ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို ကာကွက်ပေးတဲ့ သဘာဝဆေးနည်း



ဆေးနည်း

၁။ ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ 





၂။ သံပုရာရည်(၂)ဇွန်း၊






၃၊ ကြား(၁) ဇွန်းရောစပ်၍ နေ့စဉ် နံနက်တိုင်းသောက်ပါက

ကိုယ်ဝန်ရှိခါစ အမျိုးသမီးများတွင် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အစားအသောက်အနံ့မခံနိုင်ခြင်း၊ ဆာလောင်မှုမရှိခြင်း၊ ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ကို သက်သာပျောက်ကင်း စေနိုင်ပါသည်။





မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။