ဆေးနည်း
၁။ ရှားစောင်းလက်ပတ် ၂၅ ကျပ်သား
၂။ မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား
၃။ မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသား
၎။ ကြက်သွန်နီ ၅ ကျပ်သား
၅။ ဆား ၁ ကျပ်သား
၆။ ရှေးဦးစွာထန်းလျှက်ကို ဒန်အိုးနှင့်အရင် ကျိုပြီး ထန်းလျှက်
ရည်ကိုစစ်ထားပါ။
၇။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ။
မှတ်ချက်
- ဆေကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ်။
၈။ ကျိုပြီး ထန်းလျှက် ရည်ကိုစစ်ထားတာကို မြေအိုးထဲကို ထန်းလျှက်ရည်ထည့်ပြီးကျိုပါ။
၉။ ကြွက်မြီးတန်လိုပျစ်လာလျှငိုနုတ်နုတ်စဉ်းထားတဲ့ကျန်တာတွေထည့်ပြီးမီးမျှင်းမျှင်းဖြင့်ကျိုပါ။
မွှေပေးပါပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှချထားလိုက်ပါ။
၁၀။ အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ်ညတစ်ကြိမ် ကွမ်းသီးလုံးခန့်စားပါ။
အမျိုးသမီးများအတွက်သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်ပြီးသွက်ချာပါဒ
ရောဂါများ ပျောက်ကင်းစေပြီး အသားအရည်ဝင်းပစေနိုင်ပါသည်။
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း
ရေးသားမှတ်တမ်းတင် အပ်ပါသည် - လေးစားစွာဖြင့်
- နိုင်မြန်မာ
Reference:
ဖတ်သမျှ မှတ်သမျှလေးတွေပါ။
No comments:
Post a Comment