ဆေးနည်း
၁။ ရှောက်သီး တစ်လုံးကို
ဖြန်းဆေး၊ ပိုးမွှားများ ကင်းစင်အောင် အခွံကို
ဆားနဲ့ပွတ်ပြီး ရေစင်အောင် ဆေးပါ။
၂။ တစ်လုံးကို ၄ စိပ်ခွဲပြီး
တစ်စိပ်ကို အပိုင်းပိုင်းလှီးကာ ရေ ၂ ခွက် ထည့်ပြီး ဆားအနည်းငယ်၊ ဂျင်း လက်မဝက်ခန့် အိုးတလုံးတွင်ထည့်ကာ ဆူအောင်တည်ပါ။ ရှောက်ရွက်အနုလေးတွေလည်း ရှိရင်ထည့်နိုင်ပါသည်။
၃။ တစ်ခါဆူလောက် ဆိုရင်
အောက်ချပြီး အရည်ကို စစ်ယူပြီး အအေးခံထားပါ။
၎။ ၄င်းရှောက်ကျိုရည်ကို ပျားရည်စစ်စစ် တစ်ဇွန်းထည့်ပြီး မနက်တစ်ခွက်၊ ညတစ်ခွက်
သောက်ပါ။
၅။ အခွံ၊ အစေ့၊ အရည်တို့အားလုံး
ပါဝင်ထားတဲ့အတွက် အရသာက ချဉ်ပြီး ခါးနေပါမည်။
၆။ ကျန်တဲ့ ၃ စိပ်ကို
နောက်ရက်တွေအတွက် သေချာသိမ်းထားပါ။ ရှောက်သီး အကြီးတစ်လုံးကို ၄ ရက်စာ အသုံးပြုနိုင်ပါသည်။
ရှောက်သီးမရနိုင်ပါက
သံပုယိုသီး၊ ရှောက်ဘီလူးခေါ် ရှောက်ခါးသီးတို့လည်း အသုံးပြုနိုင်ပါသည်။
တစ်ပတ်လောက်
နေ့တိုင်းသောက်ရင် သိသိသာသာ သက်သာလာပါမည်။ သက်သာရင် နေ့တိုင်းမသောက်ပဲ ၂ရက်ခြား၊ ၃ ရက်ခြားစီ သောက်သွားပါ။ ဇက်ကြောတက်၊
ညောင်းညာ၊ အဆစ်မြစ်နာ၊ လေးလံထုံထိုင်း၊ အကြောဆိုင်း၊ လေဖြတ်ရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း
ရေးသားမှတ်တမ်းတင် အပ်ပါသည် -
လေးစားစွာဖြင့်
- နိုင်မြန်မာ
Reference:
ဖတ်သမျှ မှတ်သမျှလေးတွေပါ။
No comments:
Post a Comment