ကျန်းမာရေးအတွက်

Tuesday, August 22, 2017

ဒူးနာ၊ ခါးနာ၊ ဒူးခေါင်းကျီးပေါင်း၊ လေငန်းလေးဘက်နာ ရောဂါများအတွက် သဘာဝဆေးနည်း ၈ နည်း



ဆေးနည်း ၁

၁။ ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ ၅ နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ ရက်ဆက်တိုက်စားပေးပါက လေဖြတ် လေငန်း လေးဘက်နာ ခါးနာ ဒူးနာ ပျောက်ကင်းစေနိုင်ပါတယ်။




ဆေးနည်း ၂
၁။ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားပါ၊ ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ပါတယ်။

ဆေးနည်း ၃
ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ဒူးနာရောဂါ ပျောက်ကင်းသွားနိုင်ပါတယ်။





ဆေးနည်း ၎
ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာ ပျောက်ကင်းသွားနိုင်ပါတယ်။

ဆေးနည်း ၅
ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။


ဆေးနည်း ၆
၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
၂။ ကြက်ဥကို ထည့်လိုက်ပါ။ (မှတ်ချက် - သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)
၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
၎။ ၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။


ဆေးနည်း ၇
သံပုရာသီးကို ထက်ခြမ်းပိုင်း၍ သံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။



ဆေးနည်း ၈
၁။ ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့် ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊
၂။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။
၃။ တနေ့ ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်
၎။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊
( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်း သွားပါလိမ့်မည်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည်
လူတိုင်းကျမ္မာ ပျော်ရွှင်ပါစေ၊ လေးစားစွာဖြင့် - နိုင်မြန်မာ


Reference ကိုးကား - တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်ကိုယ်တွေ့တစ်ဦး၊ Mg Naing၊ ဒို့မြန်မာဒေါ့ကွမ်းအစာလည်းဆေး ဆေးလည်းအစာစောနွဲ့ နေဆိုင်-ပူတာအိုမြန်မာ့ဆေးမြည်းတိုများ

No comments:

Post a Comment