ဆေးနည်း
၁။ ရုံးပတီသီး ၄တောင့်ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက် ဖောက်ပေးပြီး
ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါ။ (မှတ်ချက် - ဖုံးအုပ်ထား လို့လည်း လိုပါသည်။)
၂။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို
ဖယ်လို့ သောက်ပါ။
အထူးသတိပြုရန်
- ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး
ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါသည်။
နှစ်ပတ်ကြာတဲ့အခါ
သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည်ရင်
သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါသည်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်းနိုင်ပါသည်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေရင် ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း
ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း
ရေးသားမှတ်တမ်းတင် အပ်ပါသည် -
လေးစားစွာဖြင့်
- နိုင်မြန်မာ
Reference:
ဖတ်သမျှ မှတ်သမျှလေးတွေပါ။
No comments:
Post a Comment