ဆေးနည်း ၁။
လိမ္မော်သီးအခွံကို နေပူလှမ်းပါ။ ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို
အမှုန့်ဖြစ်သွားအောင် ကြိတ်ပါ။ ထိုအမှုန့်နဲ့ နွားနို့နဲရောပြီး ပျစ်ခဲနေတဲ့
အရည်ကိုအရေပြားပေါ်မှာ လိမ်ပေးပါ။ အရေပြား ခြောက်သွေ့သွားပြီ ဆိုရင်
ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာနိုင်ပါသည်။
ဆေးနည်း ၂။
သခွားသီးကိုအရည်ထွက်အောင် လုပ်ပါ။ သခွားရည်ကို သံပုရာရည်
နှစ်စက်ခန့် ရောစပ်ပြီး သမအောင်ပြုလုပ်ပါ။ မျက်နှာနှင့် လည်ပင်းတွင် နာရီဝက်ခန့်
လိမ်းထားပါ။ ပြီးရင် မပူမအေး ရေနွေးလေးနဲ့ ဆေးကြောပါ။ သင်အသားအရေဟာ
ဝင်းလက်တောက်ပြောင် လာပါနိုင်ပါသည်။
ဆေးနည်း ၃။
ပျားရည်တစ်ဇွန်း(စားပွဲတင်ဇွန်း) နဲ သင်္ဘောသီးရည် တစ်ဇွန်း
ရောလိမ်းပါ။ ၁၅ မိနစ်ခန့် ကြာလျှင် ရေနဲ့ပြန်ဆေးပါ။ ဒါက Facial mask အိမ်တွင်းဖြစ် ပြုလုပ်တဲ့ နည်းပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာနိုင်ပါသည်။
ဆေးနည်း ၄။
(မှတ်ချက် - နေလောင်ဒဏ်အတွက်) နနွင်းမှုန့်
လဖ္ဘက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကို သံပုရာရည်နဲ့ သမအောင် ရောပြီး လိမ်းပေးပါ။ နနွင်းက
အရေပြားကို ပြန်လည်ပြုပြင်ပေးနိုင်ပါသည်။ ဒီနည်းဟာ နေလောင်တဲ့ အသားအရေအတွက် အထိရောက်ဆုံး ဆေးနည်းပဲ ဖြစ်ပါသည်။
ဆေးနည်း ၅။
နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်းတစ်ဝက်ခန့်ကို နွားနို့နွေးနွေးတစ်ခွက်တွင်ထည့်ပါ။
သကြားနည်းငယ် ရောစပ်ပြီး မအိပ်မီတစ်နာရီခန့်အလိုတွင်သောက်သုံးပြီး အိပ်စက်ပါ။ သိသာထင်ရှားလာပါလိမ့်မည်။ သင့်အသားတွေ ဖြူဝင်းလာနိုင်ပါသည်။ (မှတ်ချက် - ဒီနည်းကို ပူပြင်းတဲ့နွေရာသီမှာ
အသုံမပြုပါနဲ့။နနွင်းက ခန္ဓာကိုယ်တွင်း အပူချိန်ကို မြှင့်တင်ပါသည်)
ဆေးနည်း ၆။
ခရမ်းချဉ်သီး၂ လုံး သို့မဟုတ် ၃လုံးလောက်ကို အရည်ဖြစ်အောင်လုပ်ပါ။
သံပုရာသီးအရည်နှစ်စက်ခန့်ရောပြီးမွှေပါ။ မျက်နှာပြင်ပေါ်လိမ်ပြီး ၁၅-၂၀
မိနစ်ခန့်ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးပါက
၁၅ရက်၊ ရက်၂၀အတွင်း မျက်နှာဖြူဖွေး လာနိုင်ပါသည်။
ဆေးနည်း ၇။
(မှတ်ချက် - ကိုယ်ခန္ဓာပေါ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်ရင်) အာလူးတစ်လုံးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးပါ။ ညစဉ် အမဲကွက်နဲ့
အစက်အပျောက်ဖြစ်တဲ့ နေရာတွေမှာ ကပ်ပြီးအိပ်ပါ။ နဂိုအသားအရေ အတိုင်း ပြောင်းလဲလာနိုင်ပါသည်။
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း
တိုလိုရှင်း ကိုးကားရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့်
- နိုင်မြန်မာ
Reference:
ကိုယ်တွေ့တချို့ နှင့် ဖတ်သမျှ မှတ်သမျှလေးတွေပါ။
No comments:
Post a Comment