ကျန်းမာရေးအတွက်

Wednesday, August 9, 2017

လေးဘက်နာရောဂါအတွက် သဘာဝဆေးနည်း ၅ နည်း



ဆေးနည်း ၁
ကန်စွန်းကြီးရွက် ကို၂လ ၃လလောက် နေ့တိုင်းစားပေးပါကြော်စား ချက်စား နည်းအမျိုးမျိုးနဲ့ ချက်စားနိုင်ပါသည်။ လေးဘက်နာရောဂါ ပျောက်ကင်းနိုင်ပါသည်။

ဆေးနည်း ၂
ကချင်​ဦး​ရေ​အရက်​စစ်စစ် ​တော​ခြောက်​ မိတ္တလင်​ ဂျင်း တို့ကိုထည့်​စိမ်​​ နေလှမ်း ​လေးဘက်​နာကို ၎င်း​ဆေးရည်​ဖြင့်​လိမ်း​ပေး သုတ်​​ပေးပါ၊ လေးဘက်နာရောဂါ ပျောက်ကင်းနိုင်ပါသည်။

ဆေးနည်း ၃
ကြက်ဖ သည်းခြေသောက်ပေးပါ

ဆေးနည်း ၎
ဇီးသီအစေ့ကိုခွဲ အဆံကို နို့ဆီဖူးတစ်ဖူးရအောင်စုတစ်လမျှသောက်ပါ။ လေးဘက်နာရောဂါ ပျောက်ကင်းနိုင်ပါသည်။





ဆေးနည်း
၁။ ဖုံမသိန်​ပင်​ ကဖုံမသိန်​ရွက်​ ကို​ ရေနဲ့ပြုပ်​ပြီး​ ရေချိုး​ပေးပါ။ ၇ရက်​ဆက်​တိုက် ​ချိုး​ပေးရမှာပါ။
(သတိ​ပြုရန် - ဆေးပြုတ်ရေမှလွဲပြီး တခြားဘာ​ရေမှ မချိုးရပါ။ ဆပ်​ပြာခဲ ဆပ်​ပြာကြမ်းမတိုက်​ရပါ။)
ရောဂါသယ်​​ ရေချိုးစဉ်​ ပါးစပ်​ခါး လာတတ်ပြီး လည်​​ချောင်းလည်း နာလာတတ်​ပါသည်။




၂။ ရေချိုးပြီးက ​ဂွေး​တောက်​ရွက်​​ ထောင်းပြီးရ​သော သတ္တုရည်​နဲ့ သနပ်​ခါးတုံး ​သွေးပြီး လိမ်း​ပေးပါ​။ ဒူးခေါင်းအထက်မှ အောက်ချေဖျားထိ လက်မောင်းမှ လက်ဖမိုးထိ လိမ်းပေးရပါမည်။ လေးဘက်နာရောဂါ အမြစ်​ပြတ်​ပါတယ်​။ ခါးအောက်ပိုင်းက ထုံကျင်ကိုက်ခဲတာတွေ အတွက်ပါ ကောင်းပါတယ်။




မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း - လေးစားစွာဖြင့် - နိုင်မြန်မာ


References: မြန်မာရိုးရာ သဘာဝ ဆေးနည်းများ အဖွဲ့ဝင်များ၏ မှတ်ချက်များ  Comments of members (Myanmar Traditional Natural Medicine Group)

Sunday, August 6, 2017

အသားအရေ ကို တောက်ပြောင်စေပြီး အူမကြီးကင်ဆာ နှင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည့် သဘာဝဆေးနည်း



ဆေးနည်း

၁။ ဗန်ဒါစေ့ လက်နှစ်ဆုပ်ခန့်ကို ပုမှန် ဖန်ခွက်တခွက်တွင် ထည့်၍ တညအိပ် ရေစိမ်ပါ။






၂။ ရေစိမ်ထားတဲ့ ဗန်ဒါစေ့ကိုစားပါ။


ဗန်ဒါစေ့များမှာ Mono-unsaturated Fats၊ ပရိုတင်းနှင့် ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ သူ့မှာ ဗီတာမင် အီးပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချစေပြီး Magnesium လည်းပါဝင်တာကြောင့် နှလုံးရုတ်တရပ် ရပ်တန့်မှုကို ကာကွယ်ပေးနိုင်ပါသည်။

ထိုနည်းတူ ဗန်ဒါစေ့များက အူမကြီးအတွင်း အစာလှုပ်ရှားမှုကို ကူညီပေးကာ အူမကြီးထဲမှာ အစာစုပုံ ပိတ်ဆို့ခြင်းကိုလည်း လျော့ချပေးတာကြောင့် အူမကြီး ကင်ဆာ ဖြစ်မှုကို ကာကွယ်ပေးနိုင်ပါသည်။

ရွှံ့ ခြောက်ရောင်အသားအရေကို ဗန်ဒါစေ့ထဲမှာပါတဲ့ ဗီတာမင်အီးကတောက်ပြောင်ပါစေနိုငပါသည်ထိုအပြင် ဗန်ဒါစေ့ထဲက fatty acidက သင့်အရေပြားကိုအရောင်ထွက်စေ နိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။

Saturday, August 5, 2017

ဆီးချိုအတွက် သဘာဝဆေးနည်း



ဆေးနည်း

၁။ ရုံးပတီသီး ၄တောင့်ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက် ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါ (မှတ်ချက် - ဖုံးအုပ်ထား လို့လည်း လိုပါသည်။





၂။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်ပါ။
အထူးသတိပြုရန် - ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ  ဖြစ်ပါသည်။






နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည်ရင် သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါသည်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်းနိုင်ပါသည်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေရင် ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။

ခါးနာပျောက် သဘာဝဆေးနည်း



ဆေးနည်း
၁။ ခါးနာ နေသောဝေဒနာရှင်က မိမိ တစ်ခါတည်းစား၍ ကုန်နိုင်မည့်အနေတော် ထန်းလျက်သုးံလုးံကို လက်တွင်ဆုပ်ထားပါ ထို့နောက် အင်္ကျီချွတ်၍ ချောင်းသို့မဟုတ် မြစ်ထဲသို့ ဝေဒနာရှင် ၏ ချက်´´ ရေမြုပ်သည်အထိ ဆင်းပါ။

၂။ ချက် ရေမြုပ်သည့် နေရာတွင် ရပ်၍ လက်ထဲတွင်ဆုပ်ထားသော ထန်းလျက် သုးံလုးံ ကို တစ်ခါတည်း ကုန်အောင်စားပါ။

၃။ စားပြီးပြီးခြင်း ရေမသောက်ရ ရေ ထဲမှ ပြန်တက်လာပြီး အဝတ် လဲ ကာ အဝတ် ခြောက်ဖြင့် ရေအားလုးံခြောက်သွားအောင် သုတ်ပစ်ပါ။

၎။ ပြီးနောက် အင်္ကျီပြန်ဝတ် ချက်အောက်က အပူတရှိန်ရှိန် ထွက်နေခြင်းရပ်သွားမှ ရေ တစ်ခွက် သောက်ပြီး ရေချိုး ပါ တစ်ညအိပ် လွန်မြောက်သွားပါက ခါးနာ ဝေဒနာ ဘယ်နေရာမှန်း သိတော့မည်မဟုတ်ပါ။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ
Reference: ဖတ်သမျှ မှတ်သမျှလေးတွေပါ။

Friday, August 4, 2017

အားကစားသများ စားသင့်တဲ့ သဘာဝအစားအစာများ



ပရိုတင်းဓာတ်တွေက သာမန်အချိန်မှာတော့ သိပ်အရေးမကြီးပေမယ့် Gym သွားဆော့တဲ့အခါမှာတော့ ကြွက်သားတွေ ဖွံ့ဖြိုးဖို့ဆိုရင် မရှိမဖြစ်ကို လိုအပ်လာပါသည်။ ကြွက်သားတွေဖွံ့ဖြိုး၊ အဆီမရှိဖို့အတွက်ဆိုရင်တော့ ပရိုတင်းဓာတ်က အရေးကြီးလာပါသည်။ ထို့အတွက်ကြောင့် အားကစားသများဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများများ စားဖို့ လိုအပ်ပါသည်။

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများ

၁။ ပန်းဂေါ်ဖီစိမ်း - ပန်းဂေါ်ဖီစိမ်းမှာ ပရိုတင်းဓာတ်တွေအများကြီးပါဝင်ပြီး ဂရမ် ၁၀၀ ရှိတဲ့ ပန်းဂေါ်ဖီစိမ်းမှာ ၁၁.၁ ဂရမ် ပရိုတင်းဓာတ် ပါဝင်ပါသည်။

၂။ ငါး - ငါးတွေမှာ Omega 3 Fatty အက်ဆစ် တင်ပါဝင်တာမဟုတ်ဘဲ ပရိုတင်းဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ ငါး ၈၅ ဂရမ် မှာဆိုရင် ၂၇ ဂရမ် ပရိုတင်း ပါဝင်ပါသည်။

၃။ အခွံမာအသီးများ - အခွံမာအသီးတွေမှာလည်း ပရိုတင်းဓာတ် ပါဝင်မှုများပါသည်။အခွံမာသီး ဂရမ် ၁၀၀ မှာဆိုရင် ပရိုတင်းဓာတ်ပါဝင်မှုက ၁၇ ဂရမ်လောက်ရှိပါသည်။ ပရိုတင်းဓာတ် ပါဝင်မှုများတဲ့ အခွံမာအသီးများမှာ Almonds သီး၊ မြေပဲ၊ Pistachios တို့ဖြစ်ပါသည်။

၎။ ပင်လယ်စာ Seafood
Seafood is an excellent source of protein because it's usually low in fat. Fish such as salmon is a little higher in fat, but it is the heart-healthy kind: it has omega-3 fatty acids.

၅။ ကြက်ကလေး၊ နွားကလေး၊ ဝက်ကလေး အသား White-Meat Poultry
Stick to the white meat of poultry for excellent, lean protein. Dark meat is a little higher in fat. The skin is loaded with saturated fat, so remove skin before cooking.

၆။ နို့ နှင့် နို့ထွက် အစားအစာ Milk, Cheese, and Yogurt
Not only are dairy foods like milk, cheese, and yogurt excellent sources of protein, but they also contain valuable calcium, and many are fortified with vitamin D. Choose skim or low-fat dairy to keep bones and teeth strong and help prevent osteoporosis.

၇။ ကြက်ဥ၊ ဘဲဥ Eggs
Eggs are one of the least expensive forms of protein. The American HeartAssociation says normal healthy adults can safely enjoy an egg a day.

၈။ ပဲသီး၊ ပဲတောင့်၊ ပဲပင်ပေါက် Beans
One-half cup of beans contains as much protein as an ounce of broiled steak. Plus, these nutritious nuggets are loaded with fiber to keep you feeling full for hours.

၈။ ဝက် မိုးခိုသား Pork Tenderloin
This great and versatile white meat is 31% leaner than it was 20 years ago.

၉။ ပဲပုပ် Soy
Fifty grams of soy protein daily can help lower cholesterol by about 3%. Eating soy protein instead of sources of higher-fat protein -- and maintaining a healthy diet -- can be good for your heart.

၁၀။ အဆီနည်းသော အမဲသား Lean Beef
Lean beef has only one more gram of saturated fat than a skinless chicken breast. Lean beef is also an excellent source of zinc, iron, and vitamin B12.

လူတယောက် တနေ့ ဘယ်လောက်စားသင့်တယ် ဆိုတာ မကြာခင်ထပ်မံတင်ပြပါမည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference: ကိုယ်တွေ့တချို့ နှင့် ဖတ်သမျှ မှတ်သမျှလေးတွေပါ။

Thursday, August 3, 2017

အမျိုးသမီး၊ အမျိုးသာများအတွက် အသားဖြူစေပြီး အမဲကွက်နဲ့ အစက်အပျောက်တွေပျေက်စေတဲ့ သဘာဝဆေးနည်း ၇ နည်း






ဆေးနည်း ၁။ လိမ္မော်သီးအခွံကို နေပူလှမ်းပါ။ ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို အမှုန့်ဖြစ်သွားအောင် ကြိတ်ပါ။ ထိုအမှုန့်နဲ့ နွားနို့နဲရောပြီး ပျစ်ခဲနေတဲ့ အရည်ကိုအရေပြားပေါ်မှာ လိမ်ပေးပါ။ အရေပြား ခြောက်သွေ့သွားပြီ ဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာနိုင်ပါသည်။







ဆေးနည်း ၂။ သခွားသီးကိုအရည်ထွက်အောင် လုပ်ပါ။ သခွားရည်ကို သံပုရာရည် နှစ်စက်ခန့် ရောစပ်ပြီး သမအောင်ပြုလုပ်ပါ။ မျက်နှာနှင့် လည်ပင်းတွင် နာရီဝက်ခန့် လိမ်းထားပါ။ ပြီးရင် မပူမအေး ရေနွေးလေးနဲ့ ဆေးကြောပါ။ သင်အသားအရေဟာ ဝင်းလက်တောက်ပြောင် လာပါနိုင်ပါသည်။









ဆေးနည်း ၃။ ပျားရည်တစ်ဇွန်း(စားပွဲတင်ဇွန်း) နဲ သင်္ဘောသီးရည် တစ်ဇွန်း ရောလိမ်းပါ။ ၁၅ မိနစ်ခန့် ကြာလျှင် ရေနဲ့ပြန်ဆေးပါ။ ဒါက Facial mask အိမ်တွင်းဖြစ် ပြုလုပ်တဲ့ နည်းပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာနိုင်ပါသည်။







ဆေးနည်း ၄။ (မှတ်ချက် - နေလောင်ဒဏ်အတွက်) နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကို သံပုရာရည်နဲ့ သမအောင် ရောပြီး လိမ်းပေးပါ။ နနွင်းက အရေပြားကို ပြန်လည်ပြုပြင်ပေးနိုငပါသည်။ ဒီနည်းဟာ နေလောင်တဲ့ အသားအရေအတွက် အထိရောက်ဆုံး ဆေးနည်းပဲ ဖြစ်ပါသည်။


ဆေးနည်း ၅။ နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်းတစ်ဝက်ခန့်ကို နွားနို့နွေးနွေးတစ်ခွက်တွင်ထည့်ပါ။ သကြားနည်းငယ် ရောစပ်ပြီး မအိပ်မီတစ်နာရီခန့်အလိုတွင်သောက်သုံးပြီး အိပ်စက်ပါ။ သိသာထင်ရှားလာပါလိမ့်မည်။ သင့်အသားတွေ ဖြူဝင်းလာနိုငပါသည်။ (မှတ်ချက် - ဒီနည်းကို ပူပြင်းတဲ့နွေရာသီမှာ အသုံမပြုပါနဲ့။နနွင်းက ခန္ဓာကိုယ်တွင်း အပူချိန်ကို မြှင့်တင်ပါသည်)


ဆေးနည်း ၆။ ခရမ်းချဉ်သီး၂ လုံး သို့မဟုတ် ၃လုံးလောက်ကို အရည်ဖြစ်အောင်လုပ်ပါ။ သံပုရာသီးအရည်နှစ်စက်ခန့်ရောပြီးမွှေပါ။ မျက်နှာပြင်ပေါ်လိမ်ပြီး ၁၅-၂၀ မိနစ်ခန့်ထားပါ။  ပြီးရင် ရေအေးအေးလေးနဲ့  ဆေးကြောပေးပါ။ တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးပါက ၁၅ရက်၊ ရက်၂၀အတွင်း မျက်နှာဖြူဖွေး လာနိုင်ပါသည်။


ဆေးနည်း ၇။ (မှတ်ချက် - ကိုယ်ခန္ဓာပေါ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်ရင်) အာလူးတစ်လုံးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးပါ။ ညစဉ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်တဲ့ နေရာတွေမှာ ကပ်ပြီးအိပ်ပါ။ နဂိုအသားအရေ အတိုင်း ပြောင်းလဲလာနိုင်ပါသည်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း တိုလိုရှင်း ကိုးကားရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference: ကိုယ်တွေ့တချို့ နှင့် ဖတ်သမျှ မှတ်သမျှလေးတွေပါ။

Tuesday, August 1, 2017

အစာအိမ်သမားများအတွက် သဘာဝဆေးနည်း



ဆေးနည်း
၁။လက်ဖက်ခြောက်ကောင်းကောင်း(၁၀)ကျပ်သား









၂။နနွင်းမှုန့် စစ်စစ် (၁၀)ကျပ်သား










၃။ဆားသန့်သန့်အမှုန့်(၅)ကျပ်သား တို့ကိုအမှုန့်ပြုလုပ်၍








၎။ပျားရည်စစ်စစ် (၂၀)ကျပ်သား










၅။ရှောက်ရည် (၂၀)ကျပ်သားတို့နှင့်
သမအောင်နာနာမွှေပေးပြီး အလုံးသေးသေးများလုံးထားရမည်။










မှတ်ချက် - အရိပ်အောက်မှာ အခြောက်ခံပါ။
တစ်နေ့သုံးလုံးသုံးကြိမ်၊ အစာမစားမှီကြိုတင်စားပါ။
ဆေးစားပြီးတစ်ပတ်အတွင်း အစာအိမ်ရောဂါ နှင့် ဗိုက်နာဗိုက်အောင့် ၊ 
အကြောတက်ဝေဒနာများပါ သိသိသာသာထူးခြား၍ သက်သာပျောက်ကင်းစေနိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း တိုလိုရှင်း ကိုးကားရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference: Myawady Health