ကျန်းမာရေးအတွက်

Monday, July 31, 2017

တုပ်ကွေးရောဂါအတွက် သဘာဝဆေးနည်း ၄ နည်း




ဆေးနည်း ၁။ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့အခါမျိုးဆိုရင်ျင်းနဲ့ ထန်းလျက်ကို သုံးခွက်တစ်ခွက်တင် ရောကျိုပြီး သောက်သုံးပါတုတ်ကွေးရောဂါ ပျောက်ကင်းနိုင်ပါတယ်။



ဆေးနည်း ၂။ ကြက်သွန်ဖြူ(၃)မွှာကို အခွံခွာပြီး ထောင်းပါ။ ရေ (၂)ခွက် နှင့်ပြုတ်ပြီး အပူရှိန်ကိုလျော့၍ နောက် (၁၅)မိနစ် မီးမျှင်းမျှင်းနှင့်တည်ပါ။ ကြက်သွန်ဖြူကိုစစ်ပြီး ပျားရည်၊ သံပရာ ရည် အနည်းငယ်၊ ငြုတ်ကောင်းနှင့် သောက်ပါ။


ဆေးနည်း ၃။ ပျားရည်နှင့် ကြက်ပြုတ်ရည်ကို အအေးမိခြင်း၊ တုပ်ကွေးမိခြင်းအတွက်သောက်နိုင်သည်။ တုတ်ကွေးရောဂါ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၄။ ကြက်သွန်နီကို အကွင်းလိုက်လှီး ပြီး သကြားညို၊ ပျားရည်တို့ဖြင့် ပန်း ကန်လုံးထဲတွင် ရောထည့်၍ အဖုံး အုပ်ထားပါ။ ၁၂ နာရီမှ ၁၅ နာရီအထိ တစ်ညသိပ်ထားပါ။ ချောင်းဆိုးနှင့် ဖျားနာမှုများကိုလည်း သက်သာစေနိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှတွေပါ။

Sunday, July 30, 2017

H1 N1 နှင့် H5 N1 အတွက် အရေးပေါ် သဘာဝဆေးနည်း



သဘာဝဆေးနည်း

H1 N1 နှင့် H5 N1 ဖြစ်နေပြီလို့ ယူဆသူများ ဆေးရုံမရောက်သေးမှီ အုန်းစိမ်းရည့်ကို အဆက်မပြတ် ၁ နာရီ ခြား သောက်ပေးပါ။ နယ်တွေမှာဆေးရုံကို လက်လှမ်းမမှီရင် ဒီနည်းနဲ့ပြောက်ကင်းသွားနိုင်ပါတယ်။

အနာနှင့် ဆေးတည့်လို့ ပျောက်ကင်းနိုင်စေကြောင်း ဆန္ဒပြုလျှက် -----

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ကြားဖူးတာလေးတွေပါ။

ဝမ်းကိုက်ပျောက် သဘာဝဆေးနည်း ၆ နည်း



ဆေးနည်း ၁။ ငုရွက်ကို ဟင်းချက်စားပါ။ ကြော်စားပါ။ မ်းကိုကပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၂။ ဆားပုတ်တစ်ကျပ်သား၊ ဆားခါးတစ်ကျပ်သား၊ မနကျည်းမှည့် ငါးကျပ်သား ၎င်းဆေးသုံးပါးအား ရောနယ်၍စားပါ။ မ်းကိုကပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၃။ ငရုတ်ကောင်း တစ်ဆ၊ ချင်းခြောက် နှစ်ဆ၊ လက်ထုပ် ခေါက်လေးဆ ၎င်းဆေးများကို တင်လဲဟောင်းနှင့် ရောနုယ်၍စားပါ။ မ်းကိုကပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၄။ ရှားစေး တစ်ပဲသား၊ ကွမ်းရွက် ဆယ်ရွက်၊ ကြောင်ပန်းရွက် လက်တစ်ဆုပ် ၎င်းဆေးသုံးပါးအား သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။ မ်းကိုကပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၅။ မြန်မာလက်ဖက်ခြောက် တစ်ကျပ်သား၊ သကြားတစ်ကျပ်သား၊ ဆီးဖြူသီး တစ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်၍ ကိုးလုး လုံးပါ။ တစ်နေ့သုံးလုံး သောက်ပါ။ သုံးရက်ကြာလျှင်လည်း မ်းကိုကပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၆။ ဗာဒံရွက် နုနု အဖူးလေးတွေကို ပြုတ်၍ လက်ဖက်သုတ်သလို သုတ်စားပါ။ ဝမ်းကိုကပျောက်ကင်းနိုင်ပါတယ်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ကိုယ်တွေ့တချို့ နှင့် ဖတ်ထားမှတ်ထားသမျှတွေပါ။

သွေးဝမ်းသွားပျောက် သဘာဝဆေးနည်း ၃ နည်း




ဆေးနည်း ၁။ ဗာဒံရွက်ကို ကြက်သွန်ဖြူနှင့် ကြော်၍စားပါ။ သွေးဝမ်းသွားပျောက်နိုင်ပါတယ်။











ဆေးနည်း၂။ မန်ကျည်းပွင့်နှင့် ထန်းလျက်ကို ရော၍စားပါ။ သွေးဝမ်းသွားပျောက်နိုင်ပါတယ်။







ဆေးနည်း ၃။ ယမနေသီးကို ပြုတ်၍သောက်ပါ။ သွေးဝမ်းသွားပျောက်နိုင်ပါတယ်။








မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ကိုယ်တွေ့တချို့ နှင့် ဖတ်ထားမှတ်ထားသမျှတွေပါ။

Saturday, July 29, 2017

ပွေးကွက်ပျောက်တဲ့ သဘာဝဆေးနည်း ၇ နည်း



ဆေးနည်း ၁။ ငု၊ ရွှေဝါ အရွက်ကိုကြိတ်၍ အရည်ကို သံပရာရည်နှင့် ဖျော်၍လိမ်းပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။


ဆေးနည်း ၂။ ကလောသီ်းလုံးကို ထုံးဖြူတစ်ကျပ်သားနှင့်ရောကြိတ်၍ ရေနံချေးနှင့်ချက်ပြီး အနာကို လိမ်းပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။

ဆေးနည်း ၃။ ကြက်သွန်ဖြူ၊ ဥတစ်လုံ ခုနစ်တတ်၊ သင်္ဘောမယ်ဇလီ ခုနှစ်ရွက် ၎င်းဆေးနှစ်ပါးအား ကြိတ်၍ ခုနှစ်လုံး လုံးပါ။ တစ်နေ့ တစ်လုံးကျ စားသွားပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။

ဆေးနည်း ၄။ ကြက်သွန်ဖြူ ဥတစ်လုံးကို ဖင်လှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ ပွတ်ပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။



ဆေးနည်း ၅။ သနပ်သီး အတွင်းမှ အဆံကိုကြိတ်၍ လိမ်းပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။

ဆေးနည်း ၆။ သင်္ဘောသီး အစိမ်းမှ ထွက်လာသောအစေးကို လိမ်းပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။






ဆေးနည်း ၇။ ပွေးကိုင်းရွက်ကို ပွေးကွက်များပေါ်တွင် သွေးဆို့သည်အထိ ပွတ်ပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။






မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Refereces: ကိုယ်တွေ့မှတ်တမ်းတချို့ နှင့် အခြား ဖတ်သမျှ မှတ်သမျှလေးတွေပါ။ 

သည်းခြေ နှင့် ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း




ဆေးနည်း

စောင်းလျားသီးနဲ့ ငါးပြေမကို အတူတူရောပြီး ချက်စားရပါမယ်။

ဘယ်လောက်ထည့်ရမယ်ဆိုတဲ့အတိုင်းအာတော့ မပါပေမယ့် ဟင်းချက်သလိုပဲ ချက်စားနိုင်ပါတယ်။ သတိပြုရန် - စောင်းလျားသီးအချဉ်ကို ရွေးပေးရမှာဖြစ်ပါတယ်။


၎င်းဆေးနည်းကို ပထမတစ်ခါချက်စားပြီးကတည်းက သည်းခြေမှကျောက်တည်ရောဂါဟာ သိသိသာသာ သက်သာလာကြောင်း၊ ၄ ခါလောက်ချက်စားပြီး ဓါတ်မှန်သွားရိုက်ကြည့်ရာမှာ ကျောက်လုံးဝမရှိတော့ကြောင်း၊ ခွဲစိပ်စရာလည်းမလိုတော့ပဲ အံ့သြစရာကောင်းအောင် ပျောက်သွားကြောင်း မူရင်းစာရေးသူမှ တင်ပြထားပါတယ်။ 

အနာနဲ့ဆေးတည့်မှလည်း ရောဂါဝေဒနာများ အမြန်သက်သာပျောက်ကင်းနိုငကြောင်းလည်း တင်ပြထားပါတယ်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ကိုးကား၍ အတိုရှင်းဆုံးဖြစ်အောင် ရေးသား မှတ်တမ်းတင်အပ်ပါသည် -

လေးစားစွာဖြင့် - နိုင်မြန်မာ

References: စောနွဲ့ နေဆိုင် (ပူတာအို)

Friday, July 28, 2017

တုတ်ကွေးရာသီမှာ တစ်အိမ်လုံး တုတ်ကွေး မဖြစ်အောင်ပြုလုပ်တဲ့ သဘာဝနည်း



သဘာဝနည်း
အိမ်မှာ ချက်စားနေတဲ့ဆန်ပုံးထဲမှာ ချင်း( ဂျင်း ) တက်လေးတစ်တက် ထည့်ထားလိုက်ပါ။ အဲဒီလိုထည့်ထားပြီးရင် တစ်အိမ်လုံး တုတ်ကွေးဆိုတာ မဖြစ်တော့ကြောင်း သိရပါတယ်။

ဘာဓာတ်သဘောလည်းတော့ မသိပါ၊ ရှမ်းပြည်မှာ ရှမ်းအိမ်တွေ့မှာ လုပ်ကြတာတွေ့မြင်ခဲ့ဘူးကြောင်းပါ။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: ကျွန်တော် ကိုယ်တွေ့ ရှမ်းပြည်သွားမှတ်တမ်းလေးပါ။

မီးယပ်ငုပ်ပျောက် နှင့် မီးယပ် ခေါင်းကိုက်ပျောက် သဘာဝဆေးနည်းများ



မီးယပ်ငုပ်ပျောက်ရန်အတွက်

ဆေးနည်း ၁။ ကြိတ်မှန်ရွက်ကို လက်သုပ်လုပ်စားပါ။ မီးယပ်ငုပ်ပျောက်နိုင်ပါသည်။

ဆေးနည်း ၂။ ကြိတ်မှန်ရွက်နှင့် ထန်းလျက်ကျို၍ ဆားအနည်းငယ်ထည့်ပြီး သောက်ပါ။ မီးယပ်ငုပ်ပျောက်နိုင်ပါသည်။

ဆေးနည်း ၃။ ဒန့်သလွန်မြစ်ကို ဆားနှင့်သွေး၍ သောက်ပါ။ မီးယပ်ငုပ်ပျောက်နိုင်ပါသည်။

မီးယပ် ခေါင်းကိုက်ပျောက် ရန်အတွက် - ဒန့်သလွန်မြစ်၊ ငရုတ်ကောင်း၊ ပန်းနု၊ လင်းလေ၊ ကုက္ကိုခေါက် ၎င်းဆေးငါးပါးအား အမျှစီစုပြီး ကြိတ်၍ အမူန့်လုပ်ရူပါ။ မီးယပ် ခေါင်းကိုက်ပျောက်နိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ


Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှတွေပါ။

ဝက်ခြံပျောက် သဘာဝဆေးနည်း ၁၀ နည်း




ဆေးနည်း ၁။ ကွမ်းစားထုံးကို အုံပေးပါ။ ရောင်လျှင် ဇာတိပ္ပိုလ်သီးကို သွေး၍လိမ်းပေးပါ။ က်ခြံပျောက်နိုင်ပါတယ်။

ဆေးနည်း ၂။ ဆေးမြင်းခွာကို ဆန်ဆေးရည်ဖြင့် ကြိတ်၍ တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ က်ခြံပျောက်နိုင်ပါတယ်။

ဆေးနည်း ၃။ ကွမ်းစားထုံးကို သြဇာစေ့နှင့်ကြိတ်၍ အနာထိပိကို အုံပေးပါ။ ၀က်ခြံပျောက်နိုင်ပါတယ်။

ဆေးနည်း ၄။ ငရုတ်ကောင်း ကို ဂေါ်ရဇင်းနှင့် ကြိတ်၍ ၀က်ခြံရှိသော နေရာတွင် လိမ်းပေးပါ။ ၀က်ခြံပျောက်နိုင်ပါတယ်။

ဆေးနည်း ၅။ သံပရာရည် နှင့် ဇ၀က်သားကိုရောစပ်၍ ၀က်ခြံရှိသော နေရာတွင် လိမ်းကျံပေးပါ။ ၀က်ခြံပျောက်နိုင်ပါတယ်။

ဆေးနည်း ၆။ ကသစ်ဆူး ကို သွေး၍ ၀က်ခြံရှိသောနေရာကို လိမ်းပေးပါ။ ၀က်ခြံ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၇။ လက်ပံပင်၏ဆူး ကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ၀က်ခြံ၊ တင်းတိတ်တို့ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၈။ ညောင်ကြပ်ညွှန့်ကို ပဲပိစပ်နှင့် ကြိတ်၍ လိမ်းပေးပါ။ ၀က်ခြံ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၉။ ကြက်ဆူရွက်အရည်ကို ဘူးစေ့နှင့်ကြိတ်၍ လိမ်းပေးပါ၊ ၀က်ခြံ၊ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၀။ ရွှေဖရုံသီးအညာကို ဆန်ဆေးရည်နှင့်သွေး၍ လိမ်းပေးပါ။ ၀က်ခြံ ပျောက်ကင်းနိုင်ပါတယ်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှတွေပါ။

Thursday, July 27, 2017

ကျန်းမာရေးအတွက် အထူး သတိပေး ကြေညာချက် (H1N1)


ညှင်းတင်းတိတ်ပျောက် သဘာဝဆေးနည်း ၁၁ နည်း





ဆေးနည်း ၁။ ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။



ဆေနည်း ၂။ ကန့်ကို ရေနံဆီ ဖြင့်သွေး၍  ညအိပ်ရာဝင်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း 



၃။ ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ ညှင်း၊ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။






ဆေးနည်း ၄။ လက်ပံပင် ၏ ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။





ဆေးနည်း ၅။ ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၆။ ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၇။ ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၈။ နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၉။ ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၁၀။ သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၁၁။ ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှလေးတွေပါ။

အသေးစိတ် ဓါတ်ပုံများနှင့်တကွ အပြည့်အစုံ ရှင်းရှင်းလင်းလင်း ဖတ်လိုပါက အောက်ပါ Link ကိုသော်၎င်း ဓါတ်ပုံကိုသော်၎င်း နှိပ်၍ ဖတ်ရှု့နိုင်ပါတယ်။

Wednesday, July 26, 2017

ကလေးဆီးရောဂါပျောက် ဆေးနည်း ၃ နည်း



ဆေးနည်း ၁။ ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေးတွေ  ဆီးချုပ်တာ ပျောက်ပါတယ်။







ဆေးနည်း ၂။ ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။ ကလေးဆီးအောင့်တာ ပျောက်ပါတယ်။






ဆေးနည်း ၃။ လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ ကလေးဆီးရောဂါ ပျောက်ပါတယ်။








မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ကြားဖူးနားဝ လးတွေပါ။

ကလေးတွေချွဲထပျောက်စေတဲ့ သဘာဝဆေးနည်း ၂ နည်း



ဆေးနည်း ၁။
မြင်းခွာရွက် သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းနိုင်ပါသည်။


ဆေးနည်း ၂။

ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက် တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍  ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။ ချွဲ သလိပ်များ ကျဆင်းနိုင်ပါသည်။







မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှတွေပါ။






Tuesday, July 25, 2017

အမျိုးသမီး အမျိုးသားများအတွက် ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် သဘာဝဆေးနည်း ၂၀




ဆေးနည်း ၁။ ထန်းလျက် နှင့် ဇ၀က်သား ဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။

ဆေးနည်း ၂။ ခရု ကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ ဆီးပူနာပျောက်ပါတယ်


ဆေးနည်း ၃။ ဆီးဖြူသီး ကို တင်လဲ နှင့် စားပါ ဆီးအောင့်ပျောက်ကင်းတယ်



ဆေးနည်း ၄။ ကြက်သွန်ဖြူ ပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကျ ရောဂါ ပျောက်ပါတယ်









ဆေးနည်း ၅။ ကြက်သား နှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၆။ ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်းပါတယ်။

ဆေးနည်း ၇။ သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၈။ ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။ ဆီးပူ ပျောက်ကင်းနိုင်ပါတယ်။












ဆေးနည်း ၉။ ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။




ဆေးနည်း ၁၀။ ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ၀အောင်စားပါ။ ဆီးချုပ်၊ ၀မ်းချုပ် ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၁။ မြင်းခွာရွက် ကို လက်သုပ်လုပ်စားပါ။ ဆီးအတွက် ကောင်းပါတယ်။

ဆေးနည်း ၁၂။ ငုပင၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။

ဆေးနည်း ၁၃။ ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၄။ ကြက်သွန်နီကို များများစားပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။

ဆေးနည်း ၁၅။ ထိကရုံးမြစ်ကို သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၆။ ဆီးဖြူသီးအစေ့ကို စားပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။
ဆေးနည်း ၁၇။ တမာခေါက် ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ ဆီေးအာင့် ကျောက်တည် ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၈။ ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်ကင်းနိုင်ပါတယ်။

ဆေနည်း ၁၉။ ဘူးသီးပြုတ်ကို များများစားပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။


ဆေးနည်း၂၀။ ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ
Reference ကိုးကား: ဖတ်သမျှ မှတ်သမျှတွေပါ။



ဆီးချိုသမားများအတွက် သဘာဝဆေးနည်း (သရက်ရွက်)



ဆေးနည်း

သရက်သီးဟာ ဆီးချိုသမားတွေ မစားသင့်သော်လည်း သရက်ရွက်ကတော့ ဆီးချိုသမားများအတွက် အမှန်တကယ်ကို အသုံးဝင်လို့ ဆေးနည်းကို တင်ပြလိုက်ပါတယ်

၁။ ခပ်နုနု သရက်ရွက် အချိုကို ယူပြီး ရေတစ်ဖန်ခွက်ထည့်ကာ ဆူပွက်အောင် ပြုတ်ပြီး ညသိပ်ထားလိုက်ပါ။

၂။ မနက်အိပ်ရာနိုးနိုးချင်း အစာအိမ်ထဲ ဘာမှမရှိခင်အချိန်မှာ ပြုတ်ထားသောရေကို သောက်လိုက်ပါ။

၃။ နှစ်လ သုံးလခန့် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ဆီးချိုရောဂါအတွက် ရလဒ်ပိုကောင်းမွန်တာကို တွေ့ရှိရနိုင်ပါတယ်

၎။ ကျန်နေသော အရွက်တွေကို မှောင်သောနေရာမှာ အခြောက်ခံထားပြီး အမှုန့်လုပ်ကာ တစ်နေ့လျှင် နှစ်ကြိမ် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် ထည့်ကာ စားသုံးမယ်ဆိုရင်လည်း ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါတယ်။

သရက်ရွက်မှာ ဗီတာမင် ၊ အင်ဇိုင်း ၊ ဓါတ်တိုးဆန့်ကျင် နှင့် အခြားသော အာဟာရဓါတ်တွေ များစွာကြွယ်ဝတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုစေနိုငတဲ့အတွက် ဖျားနာခြင်း၊ ဝမ်းသွားခြင်း၊ အိပ်မပျော်ခြင်း၊သွေးကြောထုံးခြင်း၊ ဖောင်းခြင်း ၊ ပန်းနာရင်ကျပ်၊ အဆုတ်လေပြွန်ရောင်ခြင်း နှင့် အအေးမိဖျားနာခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ 

ထို့အပြင် သွေးပေါင်ချိန် ကျစေပြီး သွေးကြောများကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း တည်းဖြတ်ရေးသား မှတ်တမ်းတင်အပ်ပါသည် - 
လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: CHAN (ရွှေအင်းလေး)

Monday, July 24, 2017

လေးဘက်နာရောဂါအတွက် ဖုံမသိန်ပင် ကဖုံမသိန်ရွက်ကို ရှာနေသူများအတွက်အထူးသတင်း Where to find the Blumea Balsamifera in Myanmar



တောင်​ငူမြို့မှာ ဖုံမသိန်ပငအလွန်​​ပေါများကြောင်း သိရှိရပါတယ်။ 


နေရာ​ဒေသတိုင်းမှာ​ပေါကြောင်းလည်း သိရှိရပါတယ်။ သို့သော် အပင်တူသော်လည်း ဒေသအခေါ်အမည် ကွဲလွဲနိင်​ပါတယ်



ဧရာဝတီတိုင်းမအူပင်မြို့ပုသိမ်မြို့မှာရှိတယ်လို့လဲ Facebook Comments တချို့မှာ ဖေါ်ပြထားပါတယ်။ 

ရန်ကုန် မြေပဒေသာကျွှန်းမှာ ရောင်းတာကတရွှက်လျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါတယ်။

ဘုန်းမသိမ်ပင်များသည် သာပေါင်းမြို့လှေကြီးတက်ကျေးရွာ ပျော့ဖတ်စက်ရုံတွင် အများကြီးရှိကြောင်း သတင်းထပ်မံ ရရှိပါတယ်။ ၂၄၊ ၀၇၊၂၀၁၇ 

မေမြို့ (ပြင်ဦးလွင်) အနီးတဝိုက်တွင်လည်း ဖုံမသိမ်ပင်များ ရှိကြောင်း သတင်းထပ်မံ ရရှိပါတယ်။ ၂၆၊၀၇၊၂၀၁၇


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း - လေးစားစွာဖြင့် - နိုင်မြန်မာ