မျက်လုံးရောဂါ အတွက် သဘာဝကုထုံး နှင့် ဆေးနည်း
မျက်လုံးရောဂါ
အတွက် နေထိုင်နည်း
၁။
မနက်ပိုင်းရေချိုးမယ်ဆိုရင် ခေါင်းပါချိုးသင့်တယ်လို့ ဆိုပါတယ် ဒါမှ တစ်ကိုယ်လုံးမှာ
ရှိနေတဲ့ အပူတွေဟာ ငြိမ်းအေးပြီး စိတ်လက်ကြည်လင်စေမှာပါ။ (မှတ်ချက် - မိုးရာသီ ၉ နာရီ၊
နွေရာသီ ၈ နာရီ၊ ဆောင်းရာသီ ၁၁ နာရီ ဟာ ရေအချိုးသင့်ဆုံးအချိန်တွေပါ)
၂။
ည ဒူးခေါင်း ဆိုတာကတော့ ညအိပ်ရာမဝင်မှီမှာ ဒူခေါင်းကနေ ရေလောင်းချသင့်ပါတယ် ဒီလိုလောင်းရာမှာလည်း
၂ ခွက် ၃ ခွက်လောက်တင် မကပဲ ခါးကအပူတွေ ဆင်းပြီး အေးသွားတယ်လို့ ထင်ရတဲ့အထိ ၇ ခွက်
၈ ခွက်လောက် လောင်းသင့်ပါတယ် အသက်ကြီးသူတွေဆိုရင်တော့ ခြေထောက် သုတ်ပြီးမှအိပ်သင့်ပါတယ်။
(မှတ်ချက် - ဒီလိုလုပ်ခြင်းအားဖြင့် မျက်ဝတ်တက်ခြင်း မျက်ချေးထွက် မျက်လုံး တိမ်သလ္လာ
စွဲကပ်ခြင်းတို့မှ ကင်းဝေးစေမှာပါ)
၃။ မနက် အိပ်ရာထ မျက်နှာသစ်ပြီးတယ်ဆိုတာနဲ့ မျက်လုံးကို ရေမှာငုံ့စေပြီး ၁၀ မိနစ်လောက် ဖွင့်လိုက်ပိတ်လိုက် လုပ်သင့်ပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် မျက်လုံးကြွက်သားတွေ ပိုမိုအားကောင်းလာစေပြီး မျက်မှန်တပ်ရသူများ ပါဝါကျဆင်းလာစေမှာပါ။ ပထမတော့ လုပ်နိုင်မှာမဟုတ်ပါဘူး မျက်လုံးတွေ ကျိန်းစပ်နေပါလိမ့်မယ် ဒါပေမယ့် လေ့ကျင့်ရင်ဖြစ်ပါတယ် မျက်လုံးလေးနွေးလာပြီး အပူထွက်တဲ့ ခံစားမူလေးရပြီး ကြည်လင်လာစေမှာပါ။
၃။ မနက် အိပ်ရာထ မျက်နှာသစ်ပြီးတယ်ဆိုတာနဲ့ မျက်လုံးကို ရေမှာငုံ့စေပြီး ၁၀ မိနစ်လောက် ဖွင့်လိုက်ပိတ်လိုက် လုပ်သင့်ပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် မျက်လုံးကြွက်သားတွေ ပိုမိုအားကောင်းလာစေပြီး မျက်မှန်တပ်ရသူများ ပါဝါကျဆင်းလာစေမှာပါ။ ပထမတော့ လုပ်နိုင်မှာမဟုတ်ပါဘူး မျက်လုံးတွေ ကျိန်းစပ်နေပါလိမ့်မယ် ဒါပေမယ့် လေ့ကျင့်ရင်ဖြစ်ပါတယ် မျက်လုံးလေးနွေးလာပြီး အပူထွက်တဲ့ ခံစားမူလေးရပြီး ကြည်လင်လာစေမှာပါ။
ရှောင်ရှားရမဲ့
အချက်များ
၁။
နေ့ခင်းပိုင်းတွေမှာ အပြင်ကပြန်လာရင် ခြေမဆေးမိစေဖို့လိုပါတယ်။ ရေနွေးထည့်ထားတဲ့ ဖန်ခွက်ထဲ
ရေအေးထည့်လိုက်ရင် ရုတ်တရက် ကွဲတတ်သလိုပါပဲ ရုတ်တရက် ဆိုတော့ သေဆုံးနိုင်သလို အပူရုတ်တရက်
တက်လာချိန်မှာ မျက်လုံးကွယ်တတ်ပါတယ်။
၂။
ပူပြင်းတဲ့ အချိန်တွေမှာ ရေကန်ထဲမှာ ရေဆင်းကူးတာမျိုးကိုလဲ ရှောင်ရှာစေချင်ပါတယ်
၁။
Green tea သောက်ပါ
Green
tea ကိုများများသောက်လေလေ၊မျက်ရည်များများထုတ်လုပ်နိင်ြလေလေဖြစ်တာမို့မျက်လုံးအတွင်းစိုစွတ်မှုရှိစေ
ပြီးပွန်းပဲ့နိုင်ခြေလျော့နည်းသွားနိုင်တယ်လို့မျက်စိဆရာဝန်များကဆိုပါတယ်။
၂။ လတ်ဆတ်သောသစ်သီးစားပါ
၂။ လတ်ဆတ်သောသစ်သီးစားပါ
ပန်းသီး၊လိမ္မော်သီး
နဲ့ ဘယ်ရီသီး မှာ မျက်လုံးအတွင်းမှ သွေးကြောမျှင်တွေသန်စွမ်းမှု ရှိစေနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဗီတာမင်စီတွေအများအပြားပါဝင်ပါတယ်။အစားအစာမှ
ရရှိတဲ့ဗီတာမင်စီကို များစွာရရှိသူတွေဟာ အတွင်းတိမ်ဖြစ်နိင်ခြေ ၄၀ ရာခိုင်နှုန်းအထိ
လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
၃။ အစိမ်းရောင်ဟင်းသီးဟင်းရွက်စားပါ
၃။ အစိမ်းရောင်ဟင်းသီးဟင်းရွက်စားပါ
ဟင်းနုနယ်
နဲ့ ကိုက်လန် လိုမျိုးအစိမ်းရင့်ရောင် ဟင်းသီးဟင်ရွက်တွေမှာ တောက်ပတဲ့အလင်းရောင်ကြောင့်ဖြစ်တဲ့
အမြင်ပျက်စီးမှုကိုကာကွယ်နိုင်တဲ့ Lutein
နဲ့ Zeaxanthin အာဟာရဓာတ်တွေများစွာပါဝင်ပါတယ်။
လူတိုင်းကျန်းမာ
စိတ်ချမ်းသာ စေမည့် အကြောင်းဆုမွန်ကောင်းတောင်းလျှက်၊
လေးစားစွာဖြင့်
- နိုင်မြန်မာ
References ကိုးကား:
မင်းခန့်ပိုင် နှင့် သန်းထွန်းလေး (အင်းတဲရွာ)
No comments:
Post a Comment