ဆေးနည်း ၁။
ငုရွက်ကို ဟင်းချက်စားပါ။ ကြော်စားပါ။ ဝမ်းကိုက်
ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၂။
ဆားပုတ်တစ်ကျပ်သား၊ ဆားခါးတစ်ကျပ်သား၊ မန်ကျည်းမှည့်
ငါးကျပ်သား ၎င်းဆေးသုံးပါးအား ရောနယ်၍စားပါ။ ဝမ်းကိုက် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၃။
ငရုတ်ကောင်း တစ်ဆ၊ ချင်းခြောက် နှစ်ဆ၊ လက်ထုပ် ခေါက်လေးဆ
၎င်းဆေးများကို တင်လဲဟောင်းနှင့် ရောနုယ်၍စားပါ။ ဝမ်းကိုက်
ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၄။
ရှားစေး တစ်ပဲသား၊ ကွမ်းရွက် ဆယ်ရွက်၊ ကြောင်ပန်းရွက် လက်တစ်ဆုပ်
၎င်းဆေးသုံးပါးအား သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။ ဝမ်းကိုက်
ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၅။
မြန်မာလက်ဖက်ခြောက် တစ်ကျပ်သား၊ သကြားတစ်ကျပ်သား၊ ဆီးဖြူသီး
တစ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်၍ ကိုးလုး လုံးပါ။ တစ်နေ့သုံးလုံး သောက်ပါ။ သုံးရက်ကြာလျှင်လည်း
ဝမ်းကိုက် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၆။
ဗာဒံရွက် နုနု အဖူးလေးတွေကို ပြုတ်၍
လက်ဖက်သုတ်သလို သုတ်စားပါ။ ဝမ်းကိုက် ပျောက်ကင်းနိုင်ပါတယ်။
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း
ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့်
- နိုင်မြန်မာ
Reference
ကိုးကား: ကိုယ်တွေ့တချို့ နှင့် ဖတ်ထားမှတ်ထားသမျှတွေပါ။
No comments:
Post a Comment