ကျန်းမာရေးအတွက်

Saturday, July 15, 2017

အသဲခြောက်ပြီး ရေဖြင်းဆွဲ ရောဂါအတွက် ရွှေနွယ် ခေါ် ရွှေနွယ်ရိုး ခေါ် ဆေးရွှေနွယ် ခေါ် ကပ်ပါးပင်


အသဲခြောက်ပြီး ရေဖြင်းဆွဲ (Ascites) ရောဂါအတွက် ရွှေနွယ် ခေါ် ရွှေနွယ်ရိုး ခေါ် ဆေးရွှေနွယ် ခေါ် ကပ်ပါးပင်


ဆေးနည်း
ရွှေနွယ်အပင်ကို ၃ခွက်၁ခွက်တင် ကြိုသောက်ပါ။

ရွှေနွယ်ပင် ကို ဘယ်လို ရှာမလဲ
ရွေနွယ် ခေါ် ဆေးရွှေနွယ်ပင် (လက်တင် အခေါ် Cuscuta Reflexa) သည်  တခြားအပင်များကိုမှီ၍ အသက်ရှင်သော နွယ်ပင်မျိုး ဖြစ်လို့ ရွှေနွယ်ပင် ကို လူတချို့က ကပ်ပါးပင် လို့ ခေါ်ဆိုကြပါသည်။ အရွက်မရှိတဲ့  ရွှေဝါရောင်အဆင်းရှိသော နွယ်ပင်မျိုးလည်း ဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသမှာ အများအပြား ပေါက်လေ့ရှိပါသည်။ ရွှေနွယ်ပင် ကို တချို့ ကပ်ပါးပင် လို့ ခေါ်ဆိုကြပါသည်။ ကလောမြို့ နှီးဘုရားသွားတဲ့လမ်းမှာ အများပြားရှိတယ် လို့ သတင်းရရှိပါတယ်၊ ဒေသ အခေါ် နတ်သမီးကြိုး လို့ အမည်တွင်ပါသည်။

ရွှေနွယ်ပင်ကိုလိုချင်ရင်အလကားလာယူပါ လို့ Facebook မှ Umaungmaung Gyi က အောက်ပါလိပ်စာ ကို Facebook ရဲ့ Comment တခုမှာ ဖေါ်ပြထားပါတယ်။
ခြံအမှတ် 17 အိမ်အမှတ် င/230 ရွာလယ်လမ်း သင်္ဃန်းကျွန်း။

လူတိုင်းကျန်းမာ စိတ်ချမ်းသာ စေမည့် အကြောင်းဆုမွန်ကောင်းတောင်းလျှက်၊
လေးစားစွာဖြင့် - နိုင်မြန်မာ
References: Facebook မှ Comments များ

No comments:

Post a Comment