ကျန်းမာရေးအတွက်

Friday, July 28, 2017

မီးယပ်ငုပ်ပျောက် နှင့် မီးယပ် ခေါင်းကိုက်ပျောက် သဘာဝဆေးနည်းများ



မီးယပ်ငုပ်ပျောက်ရန်အတွက်

ဆေးနည်း ၁။ ကြိတ်မှန်ရွက်ကို လက်သုပ်လုပ်စားပါ။ မီးယပ်ငုပ်ပျောက်နိုင်ပါသည်။

ဆေးနည်း ၂။ ကြိတ်မှန်ရွက်နှင့် ထန်းလျက်ကျို၍ ဆားအနည်းငယ်ထည့်ပြီး သောက်ပါ။ မီးယပ်ငုပ်ပျောက်နိုင်ပါသည်။

ဆေးနည်း ၃။ ဒန့်သလွန်မြစ်ကို ဆားနှင့်သွေး၍ သောက်ပါ။ မီးယပ်ငုပ်ပျောက်နိုင်ပါသည်။

မီးယပ် ခေါင်းကိုက်ပျောက် ရန်အတွက် - ဒန့်သလွန်မြစ်၊ ငရုတ်ကောင်း၊ ပန်းနု၊ လင်းလေ၊ ကုက္ကိုခေါက် ၎င်းဆေးငါးပါးအား အမျှစီစုပြီး ကြိတ်၍ အမူန့်လုပ်ရူပါ။ မီးယပ် ခေါင်းကိုက်ပျောက်နိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ


Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှတွေပါ။

No comments:

Post a Comment