ကျန်းမာရေးအတွက်

Thursday, July 27, 2017

ညှင်းတင်းတိတ်ပျောက် သဘာဝဆေးနည်း ၁၁ နည်း





ဆေးနည်း ၁။ ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။



ဆေနည်း ၂။ ကန့်ကို ရေနံဆီ ဖြင့်သွေး၍  ညအိပ်ရာဝင်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း 



၃။ ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ ညှင်း၊ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။






ဆေးနည်း ၄။ လက်ပံပင် ၏ ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။





ဆေးနည်း ၅။ ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၆။ ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၇။ ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၈။ နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၉။ ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၁၀။ သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၁၁။ ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ

Reference ကိုးကား: ဖတ်ထားမှတ်ထားသမျှလေးတွေပါ။

အသေးစိတ် ဓါတ်ပုံများနှင့်တကွ အပြည့်အစုံ ရှင်းရှင်းလင်းလင်း ဖတ်လိုပါက အောက်ပါ Link ကိုသော်၎င်း ဓါတ်ပုံကိုသော်၎င်း နှိပ်၍ ဖတ်ရှု့နိုင်ပါတယ်။

No comments:

Post a Comment