ဆေးနည်း ၁။
ကွမ်းစားထုံးကို အုံပေးပါ။ ရောင်လျှင် ဇာတိပ္ပိုလ်သီးကို
သွေး၍လိမ်းပေးပါ။ ဝက်ခြံပျောက်နိုင်ပါတယ်။
ဆေးနည်း ၂။
ဆေးမြင်းခွာကို ဆန်ဆေးရည်ဖြင့် ကြိတ်၍ တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ ဝက်ခြံပျောက်နိုင်ပါတယ်။
ဆေးနည်း ၃။
ကွမ်းစားထုံးကို သြဇာစေ့နှင့်ကြိတ်၍ အနာထိပိကို အုံပေးပါ။ ၀က်ခြံပျောက်နိုင်ပါတယ်။
ဆေးနည်း ၄။
ငရုတ်ကောင်း ကို ဂေါ်ရဇင်းနှင့် ကြိတ်၍
ဝက်ခြံရှိသော နေရာတွင် လိမ်းပေးပါ။ ၀က်ခြံပျောက်နိုင်ပါတယ်။
ဆေးနည်း ၅။
သံပရာရည် နှင့် ဇ၀က်သားကိုရောစပ်၍ ၀က်ခြံရှိသော နေရာတွင်
လိမ်းကျံပေးပါ။ ၀က်ခြံပျောက်နိုင်ပါတယ်။
ဆေးနည်း ၆။
ကသစ်ဆူး ကို သွေး၍ ၀က်ခြံရှိသောနေရာကို လိမ်းပေးပါ။ ၀က်ခြံ ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၇။
လက်ပံပင်၏ဆူး ကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ၀က်ခြံ၊ တင်းတိတ်တို့
ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၈။
ညောင်ကြပ်ညွှန့်ကို ပဲပိစပ်နှင့် ကြိတ်၍ လိမ်းပေးပါ။ ၀က်ခြံ ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၉။
ကြက်ဆူရွက်အရည်ကို ဘူးစေ့နှင့်ကြိတ်၍ လိမ်းပေးပါ၊ ၀က်ခြံ၊ တင်းတိတ် ပျောက်ကင်းနိုင်ပါတယ်။
ဆေးနည်း ၁၀။
ရွှေဖရုံသီးအညှာကို ဆန်ဆေးရည်နှင့်သွေး၍
လိမ်းပေးပါ။ ၀က်ခြံ ပျောက်ကင်းနိုင်ပါတယ်။
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း
ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့်
- နိုင်မြန်မာ
Reference
ကိုးကား: ဖတ်ထားမှတ်ထားသမျှတွေပါ။
No comments:
Post a Comment