ကျန်းမာရေးအတွက်

Sunday, July 16, 2017

အသေကောင်များမပုပ်အောင် အသုံးပြုသည့် ဖော်မလင် (formalin) အန္တရယ် နှင့် မစားသုံးမိစေရန် ကာကွယ်ရေးနည်းလမ်းများ








ဖော်မလင် (Formalin)


၁။ ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။

၂။ ဖော်မယ်ဒီဟိုက် (formaldehyde)၊ မက်သနော((methanol)၊ ရေ (water) စုပေါင်းထားတဲ့ အရောအနှောတစ်ခုဖြစ်ပြီး ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက်( ၃၇%) ရာခိုင်နှုန်း ပါဝင်တယ်လို့ သုတေသန သတင်းတွေက ဆိုပါတယ်။
        
၃။ ဖော်မလင်ကို အဓိကအားဖြင့် လူသေတွေကို ကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ ဖော်မလင်ကို သဘာဝအားဖြင့် အသုံးပြုလေ့ ရှိပါတယ်။

၎။ ပိုးသတ်ရာမှာ အသုံးပြုသလို အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေ နှိမ်နင်းရာမှာလဲ အသုံးပြုပါတယ်။

၅။ ဓာတ်မြေသြဇာနဲ့ ရေမွှေးပြုလုပ်ရာမှာ အသုံး ပြုသလို အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင် ပြုလုပ်ရာမှာ သုံးပါတယ်။

၆။ ကြမ်းခင်းတွေ၊ အ၀တ်အစားတွေ၊ သဘောင်္တွေနဲ့ သိုလှောင်ရုံတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုသလို  အထပ်သားတွေ ကပ်ရာမှာ သုံးပါတယ်။

၇။ ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ကွဲပစ္စည်းတွေ ပြုလုပ်ရာမှာ အသုံးပြုသလို လျှပ်ကာပစ္စည်းတွေ ပြုလုပ်ရာမှာလဲ အသုံးပါတယ်။

ဒီအတွက်ကြောင့် ဖော်မလင်ကို အစားအသောက်တွေမှာ တာရှည်ခံပစ္စည်းအဖြစ် အသုံးပြုရန် အလွန်မသင့်တော်သော ဓါတုဗေဒ (Chemical) ဆေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ  ဖော်မလင်ကို အစားအသောက် တွေမှာတာရှည်ခံအောင် သုံးနေကြတာဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အလွန် အန္တရယ် ကြီးမာပြး အသက်များစွာ ဆုံးရှုံးရတဲ့ အထိ ဦးတည်သွားနိုင်ပတယ်။

မြန်မာနိုင်ငံအတွင်း ဖော်မလင်ကို လွဲမှားစွာအသုံးပြုမှုများကို ဈေးများအတွင်း တွေ့ရှိနိုင်မဲ့အရာများ
၁။ အသားစိမ်း၊ ငါးစိမ်း၊ Seafood ခေါ် ပင်လယ်စာများ
၂။ ငါးပိကောင်
၃။ ဟင်းသီးဟင်းရွက်စိမ်း
၎။ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊
၅။ တိုဖူး၊ ပဲပြား၊ ပဲသွေး၊
၆။ မုန့်ဟင်းခါး၊ မုန့်တီဖတ်
၇။ နို့ဆီ၊ နို့စိမ်း  



ဖော်မလင် (Formalin) ရဲ့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးများ
ဖော်မလင်ပါတဲ့ အစားအသောက်ကို စားသုံးမိရင်
၁။ ဗိုက်နာခြင်း၊
၂။ ပျို့အန်ခြင်း၊
၃။ ၀မ်းသွားခြင်း၊
၎။ သတိလစ်မေ့မြောခြင်းနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
၅။ ကျောက်ကပ်၊ အသည်း၊အစာအိမ်၊ အဆုတ်တို့ ပျက်စီးနိုင်ခြင်း နှင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ အထိဖြစ်ပွားနိုင်ခြင်း
၆။ ကိုယ်ဝန်ဆောင်တွေအတွက်ဆိုးကျိုးကတော့ မွေးလာတဲ့ မွေးကင်းစကလေးတွေမှာ ဆိုးရွားစွာ ကျန်းမာရေးမကောင်းတာကို တွေ့မြင်ရနိုင်ပါတယ်။

ဖော်မလင်ပြဿနာက မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင် စတဲ့နိုင်ငံတွေအထိ ပျံနှံနေပြီး ဥပဒေထုတ်ပြန် အရေးယူနေတဲ့ အဆင့်ထိ ရောက်ရှိနေပါပြီး။  
   
သင့်ဈေးသွားတဲ့ ဖော်မလင် ပါ၊ မပါ စမ်းသပ်နည်းများ
၁။ ငါးစိမ်းအတွက်ဆိုရင် ဖော်မလင်ပါတဲ့အခါ အသားက ရာဘာလို မာမာတောင့်တောင့်ဖြစ်ပြီး အကြေးခွံကမာနေမယ်၊ ငါးညှီနံ့မရ ယင်မနားတာကို တွေ့မြင်ရပါမယ်။

၂။ ပင်လယ်စာ (Seafood) အတွက်ဆိုရင် ရာဘာလိုမာပြီး ဖြူနေပြီး အနံ့မရှိပါ။

၃။ ကင်းမွန်ရွက် ဆိုရင် အရမ်းမာပြီး ဓားနဲ့ဖြတ်မှ ပြတ်နိုင်ပါတယ်။

၎။ တိုဖူး နဲ့ ပဲပြားဆိုရင် ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေတတ်ပါမယ်။ ဖော်မလင် (Formalin) ဓါတုဗေဒ (Chemical) ဆေးတွေကြောင့် အိမ်မှာ တရက် နှစ်ရက ထားရင်လည်း မပျက်စီးတာတွေ့ရပါမယ်။

၅။ မုန့်ဟင်းခါးဖတ် အတွက်ဆိုရင် ပျော့ပြောင်းမနေဘဲ အီလက်စတစ် (Elastic) လို ဖြစ်နေမယ်။ ရေနွေးထဲထည့်ရင် ဆေးနံ့လိုလို၊ ပြာ (Ash) နံ့လိုလို ရနေမယ်။

ဖော်မလင် (Formalin) စားသုံးမိမှု အန္တရယ်မှ ကာကွယ်နည်း
             
၁။ ဖော်မလင် (Formalin) ဟာ ရေမှာ ပျော်ဝင်ပြီး အပူပေးရင် အငွေ့ပြန် ပျောက်ကွယ်နိုင်တာကြောင့် အသီးတွေကို မစားခင် တစ်နာရီခန့် ရေစိမ်ထားနိုင်ပါ။

၂။ အသီးအရွက်တွေကို မချက်ပြုတ်ခင် ဆားရေနဲ့ အချိန် ၁၀ မိနစ်ခန့် စိမ်ပြီးမှ ချက်ဖို့ အကြံပြုလိုပါတယ်။
(မှတ်ချက် - လူတချို့က ပိုးကိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ ရွှေးချယ်ဝယ်ယူ စားသုံးကြတာကို စာရေးသူ ကိုယ်တွေ့ကြုံလို့ မေးမြန်းတဲ့အခါ ပိုးကိုက်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဓါတုဗေဒ (Chemical) ဆေးတွေ မသုံးထားလို့ ပိုးကိုက်တာကို ယုံကြည်လို့ စားကြတာလို့ ကြားဘူးပါတယ်)

၃။ ငါးဆိုရင် ဆားရေထဲမှာ တစ်နာရီစိမ်ထားရင် ဖော်မလင် ၉၀ ရာခိုင်နှုန်း၊ ရှာလကာရည် (၉၀%)ရာခိုင်နှုန်း (Vinegar 90%) ပါတဲ့ ရေထဲမှာ စိမ်ရင်တော့ ဖော်မလင်ကို ၁၀၀ ရာခိုင်နှုန်း ဖယ်နိုင်တယ်လို့ ကို ဖယ်နိုင်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေက ဆိုပါတယ်။

လူတိုင်းကျန်းမာ စိတ်ချမ်းသာ စေမည့် အကြောင်းဆုမွန်ကောင်းတောင်းလျှက်၊
လေးစားစွာဖြင့် - နိုင်မြန်မာ

References (ကိုးကား): ဒေါက်တာ ဒေါ်ဇင်ဇင်နွယ် (စားသောက်ကွပ်ကဲ ဦးစီးဋ္ဌာနမှုး) Healthy Life ဂျာနယ် အမှတ်(၈၇)။ Photos: Google Images


No comments:

Post a Comment