ကျန်းမာရေးအတွက်

Monday, July 17, 2017

နှလုံးသွေးကြောအဆီများကို ဖယ်ရှားပြီး နှလုံးသွေးကြောကျဉ်းတာကို ပျောက်ကင်းစေမယ့် သံပုရာသီး







ဆေးနည်း

၁။ သံပုရာသီး တခြမ်းကို ပွက်ပွက်ဆူထားတဲ့ ရေနွေး မိုက်ခွက် တလုံးထဲကို နည်းနည်းလေး ညှစ်လိုက်ပြီး အစေ့ပါ အကုန်လုံး စိမ်ထားလိုက်ပါ


၂။ ရေနွေး အေးခါနီးနီးရင် သောက်ပါ။ အေးသွားလဲ ကျန်တာများကို တနေကုန်ရေဆာတိုင်း သောက်နေရုံပဲ။ တနေ့ကို သုံးခါလောက် သောက်နိုင်ရင်တော့ ကောင်းတယ်။

၃။ သွေးတို့ လေငန်းတို့ ကာကွယ်တဲ့ အနေနဲ့ အခွံနဲ့ အစေ့များကိုပါ ဝါးစားနိုင်ရင် ကောင်းတယ်။ သွေကျနေရင်တော့ အစေ့ကို မစားပါနဲ့။ အခွံကတော့ လေကောင်းတယ်လေ။ သံပုရာအချဉ်ဓာတ်ကတော့ နှလုံးသွေးကြောမှ အဆီများကို ဖယ်ရှားပေးလိုက်တာပါပဲ။ 


မူရင်းစာရေးသူ၏ အမှာစာ - ကျနော်ကတော့ တနေ့ မိုက်ခွက်(ဖန်ခွက်ကြီး) တလုံးပဲ သောက်တယ်။ နှစ်ရက် သုံးရက်လောက် သောက်လိုက်ရင် သိသာတယ်။ နောက်ရက်ဆို နှလုံးသွေးကြောကျဉ်းတာ ကောင်းသွားတာပါပဲ။ ကျနော် စဖြစ်လို့ သောက်တုန်းကတော့ တပတ်လောက် သောက်ခဲ့တာပါ။ တပတ်နဲ့ ကောင်းသွားလို့ ပစ်ထားလိုက်တာ။ ဖြစ်လာမှ ပြန်သောက်ပဲ။ ဒီလိုနေလာခဲ့တာ နှလုံးသွေးကြောကျဉ်းတာကတော့ အတော်လေးကို ကောင်းသွားပါတယ်။ သောက်ချင်တဲ့ မိတ်ဆွေများနဲ့ နီးစပ်ရာများကို ဆင့်ကမ်းချင်ရင် အလွယ်တကူအသုံးပြုနိုင်ဖို့ပါ။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆီလျှော်အောင် တိုလိုရှင်း ပြန်လည် ရေးသား မှတ်တမ်းတင်အပ်ပါသည်။
လေးစားစွာဖြင့် - နိုင်မြန်မာ
References ကိုးကား - Myawaddy Health

Photos: Google Images

No comments:

Post a Comment