ကျန်းမာရေးအတွက်

Friday, July 21, 2017

ချောင်းဆိုး‌သွေးပါ ရင်‌ကြပ်‌ပန်းနာပျောက်‌‌ သဘာဝ ဆးနည်းများ








ဆေးနည်း ၁

၁။ အိမ်မွေးကြက်ဥတလုံးထက်ခြမ်းခွဲ ပန်းကန်တလုံးထဲထည့်








၂။ ကြက်ဥအခွံ တခြမ်းဖြင့် နှမ်းဆီ စစ်စစ်ထည့်





၃။ ကြက်သွန်ဖြူ တလုံး အခွံနွာ ပါးပါးလှီးဖြူးထည့်






၎။ ဒန်အိုးထဲ ရေအနည်းငယ်ထည့် အောက်မီးနှင့် ကြက်ဥကိုပေါင်း
၅။ တခဏအတွင်း ကျက်ရင် တနေ့သုံးကြိမ်စား အမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း


နှစ်လုံးရောကြောင့် ရင်ကြပ်ရင်တောဆီးသီး (ဇီးသီး) အစိ အတွင်းမှာ ရှိတဲ့ အဆံ ၁၀ ဆံလောက်နေ့တိုင်းစားပါ။ ပျောက်ကင်းနိုင်ပါတယ်။






ဆေးနည်း

စူလာနဖာပင် (သို့ ) ကျောက်ကွဲရွက် (Alhagi Maurorum) ကို သုံခွက်တစ်ခွက်တင်ကျိုပီးသောက်ရင်လည်း ပျောက်ကင်းစေနိုင်ပါတယ်။

ဆေးနည်း ၁ အတွက် မူရင်းစာရေးသူ၏ အမှာစကား - လက်တွေ့ပျောက်ကင်းလို့စေတနာရှေ့ထား ဆေးနည်းလေး ပေးလိုက်ပါတယ်။ ကျွန်တော့် အမေလက်တွေ့ပါချောင်းက တဟွတ်ဟွတ် သွေးစတွေကပါသေးတယ် မောလိုက်တာကလည်း ဖိုထိုးနေတဲ့အတိုင်းပဲ အသားရည်ကလည်း ညိုညစ်ညစ် မခံစားနိုင်ဘူးပေါ့ ကံကောင်းချင်တော့ မိတ်ဆွေတယောက်ရဲ့ဆေးမီးတိုနဲ့ ရောဂါအမြစ်ပြတ်ပျောက် ကင်းခဲ့ပါတယ်။ 


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရေးသား မှတ်တမ်းတင်အပ်ပါသည်။
လေးစားစွာဖြင့် - နိုင်မြန်မာ


References ကိုးသား - FB မှ Comments တချို့ နှင့် အမည်မသိ စာဆို

No comments:

Post a Comment