ကျန်းမာရေးအတွက်

Tuesday, July 25, 2017

ဆီးချိုသမားများအတွက် သဘာဝဆေးနည်း (သရက်ရွက်)



ဆေးနည်း

သရက်သီးဟာ ဆီးချိုသမားတွေ မစားသင့်သော်လည်း သရက်ရွက်ကတော့ ဆီးချိုသမားများအတွက် အမှန်တကယ်ကို အသုံးဝင်လို့ ဆေးနည်းကို တင်ပြလိုက်ပါတယ်

၁။ ခပ်နုနု သရက်ရွက် အချိုကို ယူပြီး ရေတစ်ဖန်ခွက်ထည့်ကာ ဆူပွက်အောင် ပြုတ်ပြီး ညသိပ်ထားလိုက်ပါ။

၂။ မနက်အိပ်ရာနိုးနိုးချင်း အစာအိမ်ထဲ ဘာမှမရှိခင်အချိန်မှာ ပြုတ်ထားသောရေကို သောက်လိုက်ပါ။

၃။ နှစ်လ သုံးလခန့် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ဆီးချိုရောဂါအတွက် ရလဒ်ပိုကောင်းမွန်တာကို တွေ့ရှိရနိုင်ပါတယ်

၎။ ကျန်နေသော အရွက်တွေကို မှောင်သောနေရာမှာ အခြောက်ခံထားပြီး အမှုန့်လုပ်ကာ တစ်နေ့လျှင် နှစ်ကြိမ် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် ထည့်ကာ စားသုံးမယ်ဆိုရင်လည်း ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါတယ်။

သရက်ရွက်မှာ ဗီတာမင် ၊ အင်ဇိုင်း ၊ ဓါတ်တိုးဆန့်ကျင် နှင့် အခြားသော အာဟာရဓါတ်တွေ များစွာကြွယ်ဝတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုစေနိုငတဲ့အတွက် ဖျားနာခြင်း၊ ဝမ်းသွားခြင်း၊ အိပ်မပျော်ခြင်း၊သွေးကြောထုံးခြင်း၊ ဖောင်းခြင်း ၊ ပန်းနာရင်ကျပ်၊ အဆုတ်လေပြွန်ရောင်ခြင်း နှင့် အအေးမိဖျားနာခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ 

ထို့အပြင် သွေးပေါင်ချိန် ကျစေပြီး သွေးကြောများကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။


မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း တည်းဖြတ်ရေးသား မှတ်တမ်းတင်အပ်ပါသည် - 
လေးစားစွာဖြင့် - နိုင်မြန်မာ


Reference: CHAN (ရွှေအင်းလေး)

No comments:

Post a Comment