လူသိမများသေးတဲ့ ဝါးပင်မှထွက်တဲ့
ဆေးဖက်ဝင် ဝါးရေ
ဆေးဖက်ဝင်ပုံ
ဝါးရေကို သောက်သုံးခြင်းဟာ ဆီးရောဂါ နဲ့ ဆီးမှာကျောက်တည်ရောဂါ သာမက မျက်စေ့တိမ်စွဲနာ ပါ ပျောက်စေနိုင်တယ်လို့
ဆိုပါတယ်။ တိမ်ရောဂါက ဆက်မသောက်ရင် ပြန်ပေါ်တတ်တယ်လို ဆိုပါတယ်။
သောက်သုံးရာမှာလဲ အရောင်အဆင်းမရှိသော်လဲ ထူခြားစွာ ရေ အရသာကိုခံစားရနိုင်ပါတယ်။
သတိပြုရန်
ရေခဲသေတ္တာ ဒါမှမဟုတ် ရေခဲဘူးထဲမှာထည့်ပြီး
သောက်ပါ သုံးပါ သယ်ယူပါလို့ ဆိုပါတယ်။ ဝါးရေ
အပြာရောင်သမ်းလာရင် မသောက်သုံးသင့်ပါလို့
သတိပေးထားပါတယ်။
ဝါးရေကို ဆေးဖက်ဝင်အဖြစ်နဲ့တရုတ်ပြည်မှာ
ရောင်းစားလာတာ ကြာပြီလို့ဆိုပါတယ် ။ ထိုင်းမှာတော့အဲလိုဝါးရေ ထုတ်ရောင်းတာ ကြာသေးပုံမရပါ။
ခုခါမှာ တွက်ခြေကိုက်လို့ အပြိုင်အဆိုင်တွေပါ တိုးလာတယ်လို့ ဆိုပါတယ်။
ထိုင်းဝါးရေတန်ဖိုးဟာ တစ်လီတာကို
၁၅ ဘတ်ရှိပါသတဲ့ ။တရုတ်မှာတော့ဒီဈေးထက် အဆများစွာ ရတယ်လို့ဆိုပါတယ်။ (BBC News)
ဝါးရေကို
ဘယ်လို ရမလဲ
ဝါးရေ
ရယူနည်း
ဘယ်ဝါးမျိုးမဆို
ဝါးရေယူလို့ ရနိုင်ပါတယ်။
၁။ ဝါးကိုင်ဖျားမှယူမယ်ဆို အနိမ့်အမြင့်ညီသော ဝါးကိုင်းလေးများကိုလှီးဖြတ်ခါ ပလပ်စတိတ်အိတ်
သို့မဟုတ် ပုလင်းဖြင့်ခံယူနိုင်သလို၊ ဝါးပင်ရင်းနှစ်လက်မကွာမှာ လွန်သွားဖြင့်အပေါက်ဖေါက်ကာ
သင့်လျှော်ရာပိုက် ပုလင်းများဖြင့်လဲ ရယူနိုင်ပါတယ်။
၂။ ဒီလိုဝါးရေကို ခံယူရာမှာ ညအချိန်အထူးသဖြင့် မနက်စောစော (၃) နာရီလောက်ဟာ အကောင်းဆုံးပါ။
၃။ ကိုင်းဖျားကယူရင် တစ်နေ့ကို တစ်လီတာလောက်သာရနိုင်ပေမယ့်၊ ပင်ရင်းမှယူပါက တစ်န့လျှင်
၅ လီတာခန့်ထိ ရနိုင်ပါတယ်။
၎။ ပင်ရင်းမှ ယူတဲ့ခါ လေဟာနယ်ကိုပိတ်တဲ့အနေနဲ့ ဖယောင်းကိုသုံးရမယ်လို အကြံပြုထားပါတယ်။
မူရင်း တင်ပြသူ၏
အမှာစကား - မကြားစဖူး ထူးထူးခြားခြားမို့ နှီုင်းနှိုင်းချိန်ချိန် သုခမိန်
၊ ချိန်ချိန်ဆဆ ယူတတ်ကြပါစေ
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန်
ရည်ရွယ်ချက်ဖြင့် ဆီလျှော်အောင် တိုလိုရှင်း ပြန်လည် ရေးသား
မှတ်တမ်းတင်အပ်ပါသည်။
လေးစားစွာဖြင့်
- နိုင်မြန်မာ
References
ကိုးကား - ဦးဝင်းမြင့် (BBC)
and U Thein Win (မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း)
Full
credit to: ဦးဝင်းမြင့် (BBC)
and U Thein Win (မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း)
No comments:
Post a Comment