မူရင်းစာရေးသူ ၏ ကိုယ်တွေ့မှတ်တမ်း ဆေးနည်း
၁။ နံနက်ပိုင်းမှာ ကညွတ်ပင်
သတ္ထုရည် (အပင်ကိုထုထောင်းပြီးအရည်ညှစ်တယ်)
၎င်းအရည်
မတ်ခွက် တစ်ခွက် တိုက်ပါတယ်။
၂။ နေ့လည်မှာ မြေရှောက်ဆီးဖြူ
(တောဆီးဖြူ လို့လည်းခေါ်တယ်)
၎င်းအပင်
ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး မတ်ခွက် တစ်ခွက် တိုက်ပါတယ်။
၃။ ညနေမှာ မင်းကွတ်သီးကို
အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။ (မင်းကွတ်သီးကို
ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့်ကြို။ ရေခဲသေတ္တာမှာသိမ်းပါက အဆင်ပြေတယ်။ မကြိုက မှိုတက်တယ်။)
မူရင်း စာရေးသူ၏
ဆုတောင်းစာ နှင့် အမှာစာ - ဆေးနည်းကုသိုလ်ကြောင့် မအို မနာ မသေရာ "အမတ"
ကို အမြန်ရ ရပါလို၏။ အရှင်ဧသက (မြတ်ပဋ္ဌာန်း) မြင်းခြံတိပိဋက
ဆရာတော် ဦးဂန္ဓမာလာ၏ FB
မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါတယ်။
(မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန်
ဆီလျှော်အောင် တိုလိုရှင်း ပြန်လည် ရေးသား မှတ်တမ်းတင်အပ်ပါသည်။ လေးစားစွာဖြင့် - နိုင်မြန်မာ)
No comments:
Post a Comment