ကျန်းမာရေးအတွက်

Tuesday, July 25, 2017

အမျိုးသမီး အမျိုးသားများအတွက် ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် သဘာဝဆေးနည်း ၂၀




ဆေးနည်း ၁။ ထန်းလျက် နှင့် ဇ၀က်သား ဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။

ဆေးနည်း ၂။ ခရု ကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ ဆီးပူနာပျောက်ပါတယ်


ဆေးနည်း ၃။ ဆီးဖြူသီး ကို တင်လဲ နှင့် စားပါ ဆီးအောင့်ပျောက်ကင်းတယ်



ဆေးနည်း ၄။ ကြက်သွန်ဖြူ ပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကျ ရောဂါ ပျောက်ပါတယ်









ဆေးနည်း ၅။ ကြက်သား နှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၆။ ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်းပါတယ်။

ဆေးနည်း ၇။ သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၈။ ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။ ဆီးပူ ပျောက်ကင်းနိုင်ပါတယ်။












ဆေးနည်း ၉။ ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။




ဆေးနည်း ၁၀။ ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ၀အောင်စားပါ။ ဆီးချုပ်၊ ၀မ်းချုပ် ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၁။ မြင်းခွာရွက် ကို လက်သုပ်လုပ်စားပါ။ ဆီးအတွက် ကောင်းပါတယ်။

ဆေးနည်း ၁၂။ ငုပင၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။

ဆေးနည်း ၁၃။ ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၄။ ကြက်သွန်နီကို များများစားပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။

ဆေးနည်း ၁၅။ ထိကရုံးမြစ်ကို သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၆။ ဆီးဖြူသီးအစေ့ကို စားပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။
ဆေးနည်း ၁၇။ တမာခေါက် ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ ဆီေးအာင့် ကျောက်တည် ပျောက်ကင်းနိုင်ပါတယ်။

ဆေးနည်း ၁၈။ ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်ကင်းနိုင်ပါတယ်။

ဆေနည်း ၁၉။ ဘူးသီးပြုတ်ကို များများစားပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။


ဆေးနည်း၂၀။ ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် နိုင်ပါတယ်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့် - နိုင်မြန်မာ
Reference ကိုးကား: ဖတ်သမျှ မှတ်သမျှတွေပါ။



No comments:

Post a Comment