ကျန်းမာရေးအတွက်

Thursday, July 13, 2017

အရွယ်တင်ပြီး နုပျိုရအောင် နဂါးမောက်သီး Dragon Fruit စားသုံးခြင်း




နဂါးမောက်သီးပင်သည် ဗီတာမင်စီနှင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သည့်အပြင် လိုင်ကိုပိန်းဓာတ် များစွာပါဝင် သောကြောင့် သဘာဝအရွယ်တင်နုပျိုစေပြီး အသီးတွင် Antioxidant  အများဆုံးပါဝင်သဖြင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ ဆီးလွန်ရောဂါများ၊ လေသင်တုန်းနှင့် လေဖြတ်ခြင်းရောဂါများ ပျောက်ကင်းစေ နိုင်သည်။

ချောင်းဆိုး၊ ရင်ကျပ်ရောဂါကိုလည်း သက်သာ ပျောက်ကင်းစေနိုင်စွမ်း ရှိသည်။ အစာအိမ်အတွင်းရှိ အဆိပ် အတောက်များကို ချေဖျက်နိုင်စွမ်းရှိခြင်း၊ အဆီဓာတ်များ ကို လျော့ကျနိုင်စွမ်းရှိခြင်းကြောင့် ကိုလက်စထရာကို လျော့ကျ စေနိုင်သည် 

မှတ်ဉဏ်ကောင်းခြင်း၊ မျက်လုံး အားကောင်းခြင်း၊ သွားနှင့်အရိုးများ ခိုင်မာစေခြင်းတို့ ကြောင့် လူတိုင်းစားသုံးသင့်သည်။

မှတ်ချက်- နာလန်ထ လူမမာများ အားအင်ဖြစ်စေရန် အထူးသင့်လျော် စားသုံးရမဲ့ အသီးဖြစ်ပါသည်။


ဘယ်လိုစားရမယ် ဆိုတာတော့ လူတိုင်းသိရှိပြီး ဖြစ်မယ်လို မျှော်လင့်တာကြောင့် မရှင်းပြတော့ပါ။
ပုံမှန်စားသုံးပါ၊ တန်ရင်ဆေး လွန်ရင်ဘေး ဆိုတာကိုတော့ စာဖတ်သူ သတိချပ်ပါလေ။
 
လေးစားစွာဖြင့်
နိုင်မြန်မာ

No comments:

Post a Comment