ဆေးနည်း ၁။
ငု၊ ရွှေဝါ အရွက်ကိုကြိတ်၍ အရည်ကို သံပရာရည်နှင့် ဖျော်၍လိမ်းပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။
ဆေးနည်း ၂။
ကလောသီး တစ်လုံးကို
ထုံးဖြူတစ်ကျပ်သားနှင့်ရောကြိတ်၍ ရေနံချေးနှင့်ချက်ပြီး အနာကို လိမ်းပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။
ဆေးနည်း ၃။
ကြက်သွန်ဖြူ၊ ဥတစ်လုံ ခုနစ်တတ်၊ သင်္ဘောမယ်ဇလီ ခုနှစ်ရွက်
၎င်းဆေးနှစ်ပါးအား ကြိတ်၍ ခုနှစ်လုံး လုံးပါ။ တစ်နေ့ တစ်လုံးကျ စားသွားပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။
ဆေးနည်း ၄။
ကြက်သွန်ဖြူ ဥတစ်လုံးကို ဖင်လှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ
ပွတ်ပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။
ဆေးနည်း ၅။
သနပ်သီး အတွင်းမှ အဆံကိုကြိတ်၍ လိမ်းပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။
ဆေးနည်း ၆။
သင်္ဘောသီး အစိမ်းမှ ထွက်လာသောအစေးကို လိမ်းပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။
ဆေးနည်း ၇။
ပွေးကိုင်းရွက်ကို ပွေးကွက်များပေါ်တွင် သွေးဆို့သည်အထိ ပွတ်ပေးပါ။ ပွေးကွက်ပျောက်နိုင်ပါသည်။
မြန်မာရိုးရာ
သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း
ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည် -
လေးစားစွာဖြင့်
- နိုင်မြန်မာ
Refereces:
ကိုယ်တွေ့မှတ်တမ်းတချို့ နှင့် အခြား ဖတ်သမျှ မှတ်သမျှလေးတွေပါ။
No comments:
Post a Comment