ကျန်းမာရေးအတွက်

Friday, July 7, 2017

အာဇာနည်နေ့အကြောင်း


အာဇာနည်နေ့အကြောင်း

မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့က ကျူးကျော်စစ်(၃)ကြိမ်ဆင်နွှဲပြီး သိမ်းယူခဲ့ကြပါတယ်။

ပထမအကြိမ်က(၁၈၂၄)ခုနှစ် မြန်မာတွေစစ်ရှုံးတယ်.ရခိုင်နဲ့ တနင်္သာရီနယ်တွေကိုအင်္ဂလိပ် တို့ကသိမ်းပိုက်ခဲ့ကြတယ်။

ဒုတိယအကြိမ်က(၁၈၅၂)ခုနှစ် မြန်မာတွေပဲစစ်ရှုံးခဲ့လို့အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က
သိမ်းပိုက်ခဲ့ကြပြန်တယ်။

တတိယကျူးကျော်စစ်ကိုတော့ (၁၈၈၅)ခုနှစ်နိုဝင်ဘာလမှာ ဆင်နွှဲခဲ့ပြီး အင်္ဂလိပ်တို့အနိုင်ရကာ
မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက်လိုက်ပါတယ်

သူ့ကျွန်မခံလိုတဲ့မြန်မာတွေဟာ အမျိုးသမီးများပါမကျန် အင်္ဂလိပ်နယ်ချဲ့ကို ရရာလက်နက်နဲ့ပြန်လည် တိုက်ခိုက်ခဲ့ကြပေမယ့်
*စည်းလုံးညီညွတ်မှုမရှိခြင်း
*လက်နက်အင်အားမမျှခြင်း
စတာတွေကြောင့်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုနဲ့လွတ်လပ်ရေးကိုပြန်လည် ရယူဖို့အသက်ကိုပင်ပဓာနမထားပဲ မြန်မာတစ်မျိုးသားလုံး
အတွက်အသက်စွန့်ခဲ့ရသော ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသည့် ဇူလိုင်လ(၁၉)ရက်နေ့ကို
အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့လေသည်

ဤသို့ဖြင့်အာဇာနည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်နှစ်(၇၀)ပင်ရှိလာခဲ့လေပြီ။

ယခု… (၂၀၁၇)ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့သည် နှစ်(၇၀)မြောက်အာဇာနည်နေ့ပင်

မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်(၁၉၄၇)ခုနှစ် ဇူလိုင်လ(၁၉)ရက် နေ့တွင်ဝန်ကြီးများအစည်းအဝေး
ကိုအတွင်းဝန်များရုံး၌ကျင်းပနေစဉ် ဂဠုန်စော၏တပည့်များဖြစ်ကြသော စိန်ကြီး မောင်စိုး သက်နှင်း
ရန်ကြီးအောင်တို့ရုတ်တရက်အစည်းဝေးခန်းအတွင်း ဝင်ရောက်လာကြပြီး ခေါင်းဆောင်ကြီးများကို
ပစ်သတ်ခဲ့ကြသည်

ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊
ဒီးဒုတ်ဦးဘချို ဦးရာဇတ် နှင့် ဦးဘဝင်းတို့ကျဆုံးခဲ့ရသည်
ခေါင်းဆောင်ကြီးများနှင့်အတူ အိုင်စီအက်စ်ဦးအုန်းမောင်နှင့် ဦးရာဇတ်၏အပါးတော်မြဲကိုထွေး
တို့လည်းကျဆုံးခဲ့ရသည်

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန်မှာ နံနက်(၁၀)နာရီ(၃၇)မိနစ်ဖြစ်သည်
အာဇာနည်ခေါင်းဆောင်ကြီးများအားလုပ်ကြံမှုသတင်းသည် ချက်ချင်းပျံ့နှံ့သွားခဲ့ရာမြန်မာတစ်နိုင်ငံ
လုံးတုန်လှုပ်ချောက်ချား သွားခဲ့သည်
လောကဓာတ်တစ်ခုလုံးသည်းထန်စွာငိုကြွေး၍နေသကဲ့သို့
မိုးသီးမိုးပေါက်များအဖြိုင်ဖြိုင်ကျနေလေသည်။ လမ်းသွားလမ်းလာဟူ၍မရှိ စိုရွှဲနေသောလော
ကဓာတ်တွင်မြင်မြင်သမျှတို့သည်သွေ့ခြောက်၍နေလေသည်

ဒါဟာတို့နိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးများကို လုပ်ကြံခြင်းခံခဲ့ရတဲ့အာဇာနည်နေ့အ
ကြောင်းတစေ့တဆောင်းပါ
လွတ်လပ်ရေးကိုအသက်ပေးရယူခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကိုအစဉ်
လေးစားလျှက်ဦးညွတ်ကာအလေးပြုပေးကြပါစို့

တင်ပြမှုလိုအပ်ခဲ့သည်ရှိသော် မပြည့်သောအိုးလေးမို့နားလည် ပေးကြပါကုန်

လေးစားစွာဖြင့်
Credited to ပန်းချစ်သူ ပညာရေး July 5 at 10:37am ·

No comments:

Post a Comment